မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ အသိဗဟုသုတကြွယ်ဝရေး နံရံကပ်စာစောင်ပြသ

မက်မန်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ (၅) တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် ကျောင်းသားကျောင်းသူများလေ့လာနိုင်ရေးအတွက် ဘက်စုံပြုပြီးခဲ့သော မင်းရန်အောင်စေတီတော်ကြီး၏ မှတ်တမ်းဓာတ်ပုံများ၊ ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံတားများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ၊ ပညာရေးနှင့်ဆိုင်သော အကြောင်းအရာများကို မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများဖြင့် ပြ ထားခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)