ကာလိမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များ အောက်မေ့သတိရစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်းလွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းပြ ဆရာမ ဒေါ်အိအိဖြူက အဖွင့်အမှာစကားပြော ကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရေးအကြောင်းအရာများကို   ရှင်းလင်း ဟောပြောခဲ့သည်။   

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း  သိရသည်။

ကာလိ၊ပြန်/ဆက်