အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ်သက်သာ

မောက်မယ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်သည့် ဒေသခံတောင်သူများသည် ဆန်စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ သီးနှံအမျိုးမျိုး စသည့်သီးနှံ များစိုက်ပျိုးလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံများတွင် သရက်၊ လိုင်ချီးသီး၊ သံပုရာသီး၊ လျှောက်ချိုသီး၊ လိမ္မော် သီးစသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လယ်ယာခြံမြေပိုင်ဆိုင်မှုမရှိသည့် ပြည်သူများ အနေဖြင့် မီးဖိုဆောင်ကုန်ကျစရိတ်သက်သာစေရန်အတွက် လူနေအိမ်ခြံဝန်းအတွင်း ရာသီအလိုက် မီးဖို ဆောင်သုံးဟင်းသီးဟင်းရွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိမှုကြောင့် မီးဖိုဆောင်စရိတ် သက်သာလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

လူနေအိမ်ခြံဝန်းအတွင် မြေလွတ်သည့်နေရာများတွင် မုန်ညင်း၊ ချဉ်ပေါင်၊ ဆလပ်၊ ကန်စွန်း၊ ခရမ်းသီး၊ မုံလာဥ၊ ခရမ်းချဉ်သီး၊ ရုံးပတီ၊ ပဲလေးတောင့်၊ပန်းမုန်လာ၊ ကော်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်မိတ်၊ နံနံပင်စသည့် ဟင်းသီးဟင်းရွက်အပင်များ စိုက်ပျိုးထားရှိကြောင်း၊ သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် စားသုံးသူများဓာတုဓာတ်ကင်းလွတ်စေရေး၊ သွင်းအားစုကုန်ကျစရိတ်များ သက်သာစေရေးအတွက် သီးနှံများတွင်လိုအပ်သည့် ကြက်ချေး၊ ဝက်ချေး၊ နွားခေျးများသာအသုံးပြုပြီး တစ်ပိုင်တစ်နိုင် သီးနှံစိုက်ခင်းများတွင်အသုံးပြုထားသဖြင့် ဓာတုဓာတ်ကြွင်းကင်းလွတ်ပြီး အဆိုပါဟင်းသီးဟင်းရွက်များကို  ခူးဆွတ်ချက်ပြုတ်စားသောက်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး မီးဖိုဆောင်စရိတ်များစွာ သက်သာသည့်အပြင် ပိုလျှံသည့်အသီးအနှံများကိုလည်း ပြန်လည်ရောင်းချရသဖြင့် အပိုဝင်ငွေများ လည်းရရှိကြောင်း သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)