မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မက်မန်း နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ အမွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေချစ်မြတ်နိုးသူအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် မနာဘီက “ရေဆန်ကိုလည်း လှော်ရမှာပဲ” ဆောင်းပါးအားလည်းကောင်း၊ မနာရှီက “စိတ်ကူးနဲ့ လက်တွေ့” ဆောင်းပါးအားလည်းကောင်း၊ မနာစီမွှေးက “ နိုးကြလော့၊ ထကြလော့” ဆောင်းပါးအားလည်းကောင်း၊ မလှလှဌေးက “ ချစ်သော ဗေဒါ အားမာန်ပါ၏” ဆောင်းပါးအားလည်းကောင်း၊ မတင်တင်ဦးက “ စိတ်ဆန္ဒတန်ခိုး နှိုးလော့” ဆောင်းပါးအားလည်းကောင်း အသိးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် (၂၀) ဦးတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)