ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 19,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့ရိုးရာ အခြေခံကဗျာလွတ် အကသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
Mar 19,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက်(၉)နာရီက လှည်းကူး-ဒါးပိန်လမ်းမ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ရုံး ရှေ့တွင် အသိပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 19,2020
ရေစကြိုမြို့နယ် ဥက္ကံကျေးရွာသို့ ယနေ့ နံနက် ၉ နာရီက ကံပွင့်မိသားစုမှ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
Mar 19,2020
ပခုက္ကူမြို့နယ် ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၉)နာရီက ပခုက္ကူမြို့၌ဖြန့်ဝေခဲ့သည်။
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း နွေရာသီ၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျပ်သန်း (၃၇၇.၅) သန်းဖြင့် စက်ရေတွင်းများ၊ မြေသားရေကန်များ ဖော်ဆောင် လျက်ရှိကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်၊ ဒုတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ မြို့နယ်စည်ပင် သာယာကော်မတီဥက္ကဋ္ဌ ဦးအေးမင်းနှင့် အဖွဲ့ဝင်များတို့သည်
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-၁၉) ကြိုတင် ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယင်းမာပင်ခရိုင် စုစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ကျင်းပကြောင်း သိရသည်။
Mar 19,2020
ကမ္ဘာနိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသော Covid-19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် ပညာ ပေးလက်ကမ်းစာစောင်များကို မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာ လျက်ရှိသော နေရာများတွင် ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်းနှင့် တံတားများတွင် သွားလာလျက်ရှိသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။