ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင် မြို့မဈေး အတွင်း၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဈေးကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက် ခဲ့သည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာစျေးနှင့် ကိုးပင်ကျေးရွာ တို့သို့ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ် (စ်) ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်က တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးကိုကိုဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်မှုကို လူစည်ကားရာဖြစ်သည့် အောင်လံမြို့မဈေးကြီးတွင် ယနေ့ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအချိန်ထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြေားင်း သိရသည်။
Mar 19,2020
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စုတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးရဲဝင်းနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က လူစည်ကား နေရာများတွင် အသိပညာပေးခြင်း လက်ကမ်း စာစောင်များ ဝေငှ၍ လိုက်လံပြီး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာ ဝါးဖြင့်ပြုလုပ်သော အိမ်အသုံးအဆောင် ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေကောင်းကာ ဝါးထရံရက်လုပ်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 19,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွေနံ့သာရပ်ကွက် အမှတ် (၁) ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက်နေပြည်သူများအား မြို့နယ်ကုတင် (၅၀) ဆံ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်ရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီခွဲက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 19,2020
ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာပြည်သူများထံသို့ (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ဆောင်ရွက် ခဲ့ကြောင်းသိရသည်။