ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ ဘေးတစ်လျှောက်တွင် (COVID-19) ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးရေစင်များ တပ်ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
Mar 19,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေး ရွာများတွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူး ရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက် ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင် ကျေးရွာစပျစ်သီးနှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးလှငွေကပြောကြားသည်။
Mar 19,2020
ပူးပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေပုံ လေ့ကျင့်ခန်း (map fighting) လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်က တောင်တွင်းကြီး မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ လက်ဆေးဘေစင်တစ်ခု တပ်ဆင်ထားရှိပေးထားကြောင်း သိရသည်။
Mar 19,2020
ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက စက်ရေတွင်းပျက်၍ ရေအခက်အခဲဖြစ် နေသော ပခုက္ကူမြို့နယ် ဇီးပင်ကန်ကျေးရွာ ပြည်သူများထံသို့ ယမန်နေ့ ညနေ ၅ နာရီက‌ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ (COVID-19) ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာ(၅)နေရာ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ လက်ဆေး နည်းစနစ် သရုပ်ပြခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်သည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကံကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အချိန်မီပြီးစီးရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။