ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 31,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။
Mar 31,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ စတင်ကာ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Mar 31,2020
COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 31,2020
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။