ဆောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း

ဆော မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊   ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ဆောမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်မှူး ဇော်သူဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလံ ၁၆၀၀ အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါကျေးရွာရှိ ရေလောင်အုတ်ရေကန်အတွင်း ဖြည့်တင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)