လပွတ္တာ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့တွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ရွေးနဒီ ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် ခေတ္တ အုပ်ချုပ်ရေးမှူးဦးကျော်ထင်က COVID-19 ရောဂါ မိမိမြို့နယ်အတွင်း ကူးစက်မှု မရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်ပြင်ဆင် ကာကွယ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပါသည်။ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းနှင့် မြို့ပေါ်ရှိ အလှူရှင်များက တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (၅) စုံ ၊ PPE ဝတ်စုံ (၁၅) စုံ ၊ အပူချိန်တိုင်း ကိရိယာ (၅) ခု ၊ လက်ဆေးဂျယ် (၆) ဘူး ၊ နှာခေါင်းစည်း (၅၀) ခု ၊ ငွေသားတန်ဖိုး ကျပ်(၂၀)သိန်း၊ ပစ္စည်းတန်ဖိုး ကျပ် (၁၆)သိန်းကျော် စုစုပေါင်း ကျပ် (၃၀)သိန်းကျော်ကို မြို့ပေါ်ရှိ စေတနာရှင်များက လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် လပွတ္တာမြို့နယ် အနေဖြင့် လိုအပ်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ရေ ကုသရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများနှင့် ငွေများပေးအပ်လှူဒါန်းကြသော လပွတ္တာမြို့မှ အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဦးက ပြောကြား ခဲ့ကြောင်းသိရသည်။
ဝင်းကျော်မြင့်