ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးနိုင်ရေး ဇီးကုန်းမြို့နယ်တွင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ

ဇီးကုန်း မတ် ၃၁

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍  မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများက ကားဆိုက်ရောက်ချိန်နှင့် ရထားဆိုက်ရောက်ချိန်များတွင် ခရီးသည်များကို ခေတ္တရပ်နား၍ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ ခရီးသွားရောက်မှု ရာဇဝင် အချက်အလက်များ စစ်ဆေးမေးမြန်း ဆောင်ရွက်ခြင်း၊  နိုင်ငံခြားမှ ပြန်လာသူများကို (၁၄)ရက် သီးခြားခွဲထား၍ နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ရထားဘူတာရုံ၊ ကားဂိတ်၊ ဈေးနှင့် လူအများသွားလာဝင်/ထွက်ရာနေရာများကို ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် Facility Quarantine (၁၀)ခု ဖွင့်လှစ်ထားရှိပြီး Facility Quarantine တွင် (၁၁၇)ဦး၊ Home Quaratine အနေဖြင့် (၁၇၅)ဦးရှိသည်။

တင့်ဆွေ (ဇီးကုန်း)