ဝေးလံခေါင်ဖျားဒေသသတင်းများ

May 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။
May 16,2020
စစ်ကိုင်းမြို့တွင် ပထမဆုံး Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၉)နာရီအချိန်က အိုးဘိုရပ်ကွက်၊ အသင်္ခယာ အဝိုင်းပတ်အနီး စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာ စီမံချက် ဟောပြောပွဲကို အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပသည်။
May 02,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။