Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
သရက်မြို့တွင်ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိစေရန်ကြိုတင် ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်ပြည်ပမှနေ ရပ်ပြန်များသီးခြားထားရှိသည့် အထက(၁)ရှိ စိန်ရတုခန်းမနှင့် ကျောင်းဝင်းအတွင်းပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ COVID- 19 ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်
Mar 31,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆောမြို့ အ-ထ-ကကျောင်း ရွှေရတုဆောင်၌ ပြည်ပမှ ပြန်လာသူများ ယာယီနေထိုင်လျက်ရှိသော (Facility Quaratine) နေရာများနှင့် လူစည်ကားရာနေရာတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အလှူငွေနှင့်ပစ္စည်းများလာရောက်လှူဒါန်း
Mar 31,2020
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ညောင်ဦးခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ဌာန ဆိုင်ရာများမှ အလှူငွေများနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းကို မတ်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် နေရပ်ပြန် (၁၇၉)ဦးအား နေ့စဉ်(၂)ကြိမ်နှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Mar 31,2020
မင်းဘူးမြို့၊ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ (၁၇၉)ဦးအား COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နေ့စဉ် (၂)ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်း ဓမ္မတာမျိုးဆက်ခြင်းတို့မှ ထွက်ရှိသော ထင်း(၁၅.၆၈) တန်ကို ကျေးရွာနေပြည်သူများအား အခမဲ့ ပေးအပ်
Mar 31,2020
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းအရှေ့ကြိုးဝိုင်းအမှတ် (၄၂/၄၃)(၁၀၀ဧက) မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (တတိယနှစ်) အတွက် ထင်း(၁၅.၆၈)တန်ကို ကျွန်းချောင်းကျေးရွာနှင့် ညောင်ဇင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ယမန်နေ့ညနေ ၃ နာရီအချိန်က မဲချ၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဒေးဒရဲမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ နှင့်လူစည်ကားရာနေရာများတွင် စနစ်တကျလက်ဆေးနည်း အသိပညာပေးစာစောင်များကပ်၍ လက်ဆေးဘေစင်များထားရှိ ပေးခြင်း၊ ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
266
Page
267
Page
268
Page
269
Current page
270
Page
271
Page
272
Page
273
Page
274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department