ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး နှာခေါင်းစည်း (Mask) ၁၅၀၀ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ  မတ် ၃၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အဆင့် COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့ထောက်ပံ့သော နှာခေါင်းစည်း (Mask) များကို မြို့နယ်အတွင်းရှိ COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို ပြန်လည်ခွဲဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများ ရောဂါကူးစက်မှုမရှိစေရေး ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင် ရေးအတွက် ထောက်ပံ့ပေးအပ်သည့် နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင် က ပွင့်ဖြူမြို့နယ် COVID – 19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ရဲဝင်းနိုင် (ညောင်ဦး)