ပူတာအိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း (၂၂၅၄၆)ဦး ကြည့်ရှုထားပြီး အားလုံးကြည့်ရှုရန် အသိပေး နှိုးဆော်သည့် လက်ကမ်း စာစောင်နှင့် ပိုစတာများဖြန့်ဝေ

ပူတာအို  သြဂုတ်  ၁၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယနေ့နံနက် ၇ နာရီတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေး နှိုးဆော်သည့် အနေဖြင့်  ပြည်သူများ လက်ဝယ်အရောက် ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများကို လိုက်လံ ကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာခဲ့ရာ ပုံစံ()လျှောက်ထားသူ (၉၈၂)ဦး၊ ပုံစံ()ပြင်ဆင် လျှောက်ထားသူ (၁၁၉၈)ဦး၊ ပုံစံ()()ပြင်ဆင် လျှောက်ထားသူ (၁၁၇၂)ဦး လာရောက်ပြင်ဆင် လျှောက်ထားခဲ့ပြီး ပူတာအိုမြို့နယ်တွင် မဲရုံပေါင်း(၄၈)ရုံမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၃၉၆၁၀)ဦးအနက် ဩဂုတ်လ(၁၀)ရက်အထိ လာရောက်ကြည့်ရှုပြီးသူ (၂၂၅၄၆)ဦးအထိရှိပြီး ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းဇယားများအရ သိရသည်။

ယင်းအသိပညာပေး နှိုးဆော်ချက် စာစောင်နှင့်ပိုစတာများတွင် မဲပေးနိုင်ရန်အတွက် ‘‘မိမိနာမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရမည့် (အဆင့်-)ချက်၊ ကိုဗစ်-၁၉ကြောင့် သင့်ရဲ့မဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနှင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြံပြုချက်များကို လိုက်နာပါ၊ သင်နှင့်အခြားသူများရဲ့ ကျန်းမာရေးကို ရှေးရှုလျက် လုံခြုံစွာနေထိုင်ပြီး သင့်နာမည် ပါ/မပါ သွားရောက် စစ်ဆေးပါ’’ စသည့် အကြောင်းအရာများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ မဲဆန္ဒရှင်များ အားလုံးထံသို့ တိုက်တွန်းအမှာစကားများ ပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းပါ အကြောင်းအရာနှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများပါသည့် နံရံကပ်စာစောင်များ လိုက်လံကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူပေါင်း၍ မြို့မ(မနက်ခင်း)ဈေး၊ လေယာဉ်ကွင်းဈေးနှင့် လူစည်ကားရာ လမ်းစုံလမ်းခွများတွင် လက်ကမ်းစာစောင်နှင့် ပိုစတာ(၂၀၀၀)ကို လိုက်လံဖြန့်ဝေပေခဲ့ပြီး ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုတို့ကို ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းညွှန့်(ပူတာအို)