ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီ ကျေးရွာအဝင် ငေါ့ချမ်းချောင်းကူး (၁၆၀)ပေနှစ်ထပ် ဘေလီတံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်မည့် လုပ်ငန်းအား ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် အဖွဲ့သည် အောက်တိုဘာ လ(၁၇)ရက်နေ့ (၁၈)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
Oct 22,2020
မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 22,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိနိုင်ရေး လေ့လာနိုင်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြသပေးထားကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Oct 22,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များအား စနစ်တကျ ထုတ်ဝေပေးနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ချီဖွေငယ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ (SPIC)မှ ရစ်ကျော်ကျေးရွာအုပ်စု ချီဖွေချောင်း လူကူးကြိုးတံတား ပြုပြင်နိုင်ရေး၊ ချီဖွေမြို့နယ် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်နိုင်ရေး၊ လုပိကျေးရွာအုပ်စု ကျေးလက် ဆေးပေးခန်းနှင့် ပန်ဝါတိုက်နယ်ဆေးရုံ ပြုပြင်မွမ်းမံနိုင်ရေးနှင့် ချီဖွေမြို့နယ်ဆေးရုံကြီးတွင် ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးများဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက် လှူဒါန်းခြင်းကို အောက်တိုဘာလ(၂၀)ရက် ညနေ(၃)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီး ငယ်များအား Human Papilloma virus ( HPV ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျီခါးလူငယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗွီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။