ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်၊ အင်္ဂါဂါး ကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။
Oct 23,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦ တစ်လုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ရာ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
Oct 23,2020
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် ယ‌နေ့နံနက်ပိုင်းက ဦးဟာဘာကုတ်​ နေအိမ် ထိခိုက်ပျက်စီး သွားကြောင်း သိရသည်။
Oct 23,2020
ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့် တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွမ်မောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
Oct 23,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အောက်တိုဘာ(၁၆)ရက် ည(၁၀)နာရီ၀န်းကျင်ခန့်က တိုက်ခတ်ခဲ့ သော လေပြင်းကြောင့်ထိခိုက်ခဲ့သော ကျေးရွာအုပ်စုနှစ်အုပ်စုရှိ လေဘေးသင့်အိမ်ထောင်မိသားစုများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ လေဘေးသင့် အိမ်ထောင်မိသားစု အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 23,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ဖွင့်လှစ်လျက်ရှိသော စားသောက်ဆိုင်၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေး အမှုဆောင် ဦးဗန်ဇအုပ် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်က ရှောင်တခင် လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 23,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခု၌ မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိကြောင်း သိရသည်။
Oct 23,2020
ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အတွင်းရှိ မြို့မ စည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။