ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 21,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၊ မြို့ဝင်ဆိုင်းဘုတ် လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များ နှင့်အညီဖြစ်စေရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Oct 21,2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွက် ရရှိမည့် အရေအတွက်အတိုင်း ပြည့်/ မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/ မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေ အတွက် မှန်/ မမှန်၊ ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် အသုံးပြုသင်္ကေတ(Logo)များမှန်ကန်မှု ရှိ/ မရှိတို့ကို ယမန်နေ့နံနက် ၉ နာရီက ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိသည့် အင်ဂျန်းယန် မြို့မ ရဲစခန်း၌ ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက်(၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီတွင် ကျေးလက် ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျေးလက် ကျန်းမာရေး ဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 21,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်သည်။
Oct 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေး ကြိုးများ ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များထည့်ခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး အတွက် အထူးရဲသင်တန်းကို ဖွင့်လှစ်ရာ လုံမောင်ခန်းမသို့ ယမန်နေ့နံနက် (၁၀) နာရီခန့်က ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိ/ မရှိ ဆေးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။
Oct 21,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့၌ ပညာရေး၀န်ထမ်းကျောင်းဆရာ၊ ဆရာမများအား ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ပန်နန်းဒင်မြို့ ခါကာဘိုရာဇီ ခန်းမတွင် ကျင်းပခဲ့သည်။