ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 22,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
Oct 22,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။
Oct 22,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ပူတာအိုနှင့် မချမ်းဘော့မြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် အတွက် ဓာတ်သတ္တု(သဲ/ကျောက်) ထုတ်လုပ်ခွင့်လိုင်စင် လျောက်ထားမှုများအပေါ် ထုတ်လုပ်ခွင့်လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထုတ်လုပ်ခွင့်ပြုပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
Oct 22,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ မလိခညီအစ်ကိုများ (ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်)မှ လှူဒါန်းသော နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်ကဆောင်ရွက်ခဲ့သည်။
Oct 22,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ် များကို ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခုအခါ မိုးဒဏ်လေဒဏ်ကြောင့် ဂိတ်ဖွင့်လှစ်ရန် ဆောက်လုပ်ခဲ့သော အဆောက်အဦများ လုံခြုံမှုမရှိသောကြောင့် အသစ်ပြန်လည် တည်ဆောက်ခြင်းကို ယမနနေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ ရေဇွာမြို့မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာလာရောက် ထုတ်ယူသူ များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျစီမံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online Physical Fitness Dance အကအား ယမန်နေ့ နံနက်ပိုင်းက တတိယအကြိမ်မြောက် ထုတ်လွှင့်ပေးကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။၁