ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 22,2020
ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးသူ ၁၂ ဦးအထိရှိလာကြောင်း သိရသည်။
Oct 22,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်း အပတ်စဉ်(၃)ခုခွဲ၍ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 22,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေး မဲစာရင်း စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
Oct 22,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပုံစံ(၁၅) ဖြင့်တောင်းဆိုထားသည့် ပြည်တွင်းမဲဆန္ဒနယ် ပြင်ပရောက် (ပုံစံ ၁-၁) ကြိုတင် မဲဆန္ဒရှင် (၆၈) ဦး၏ ကြိုတင် ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်းခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့သည်။
Oct 22,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခန့်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Oct 22,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက်၉ နာရီခွဲက ပူတာအိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Oct 22,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
Oct 22,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။