Skip to main content

Jul 12, 2023

ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၀၀၀ ကျော်သွားပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကိုကျော်လွန်၍ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကြောင်း သတင်းတို့မှာ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် အထူးခြားဆုံးသတင်းများဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁ ဒသမ ၄၂၈၆ ဘီလီယံသို့ ‌ရောက်ရှိလာပြီး တရုတ်နိုင်ငံ၏လူဦး‌ရေ ၁ ဒသမ ၄၂၅၇ ဘီလီယံကို ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂကထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးကျော်သည် အိန္ဒိယသားဟုဆိုရမည့် အနေအထားသို့ ‌ ရောက်ရှိလာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

စနစ်ဟောင်း နဝမတန်း/ Grade 10 အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် စနစ်ဟောင်း ဒသမတန်း/ Grade 11 တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများအားလုံးသည် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် စနစ်သစ် ဒွါဒသမတန်း/ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအနေဖြင့် ဖြေဆိုခွင့်ရှိကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၆,၂၃၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၂၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၅) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ ပညာကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း (နေပြည်တော်)ရှိ အားကစား ခန်းမ၌ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရည်ချွန်ဆုနှင့် ဝန်ထမ်းထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ပြည်ပနိုင်ငံများ၌ လေ့လာရေးခရီးစဉ်၊ လူငယ်ထိပ်သီးတွေ့ဆုံပွဲ၊ အစည်းအဝေးများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ် အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်း ဒုတိယအကြိမ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်သင့် ပုဏ္ဏားကျွန်းမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

“ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

၁။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည် လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီ လမ်းဆုံအထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း (Public Health and Diplomacy) နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2023

၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ရည်ညွှန်းပြောကြားခဲ့ကြသည်ကိုတွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်