Nov 29, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 29, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်လေးစီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Golden Mountain ခရုဆီ ၁၀၀၀ ကီလိုဂရမ်၊ Lactasoy ပဲနို့ ဘူး ၃၆၀၀၀ ၊ DURO ဆိုင်ကယ်တာယာ အလုံး ၂၀၀ ၊ Polyester Fabric ၈၅၀၀ ကီလိုဂရမ်၊ GI Hollow Pipe ၁၅၀၀၀ ကီလိုဂရမ်၊ BT Speaker အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck နှစ်စီး၊ MAN Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၂၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Nov 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉) ရပ်၏ စီးပွားရေးကဏ္ဍ အချက် (၃) ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဟု မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏အားပေးမြှင့်တင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများအနက် မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်ရှိ နတ်ရေကန် ကော်ဖီနှင့် လက်ဖက်ခြောက်လုပ်ငန်းရှင် ဒေါ်ဝေနှင်းဖြူနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။
Nov 29, 2023
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။
Nov 29, 2023
ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ နယ်စပ်ဒေသများမှာ တည်ငြိမ်ရေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာနိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီနေ့မှာတော့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦး၊ အမျိုးသမီး ၂၀၃ ဦး စုစုပေါင်း ၇၁၄ ဦးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။
Nov 29, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ ပထမအကြိမ် အသည်းရောင် အသားဝါရောဂါ “ဘီ” ပိုး ကာကွယ်ဆေးထိုးနှံမှုကာလ တစ်လပြည့်မြောက်သော သံဃာတော်/ သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ၌ ကျင်းပသည်။
Nov 29, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 29, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်း ပွဲတော်ကာလအတွင်း မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မီးပုံးပျံလွှတ်တင်ပေးသည့် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 29, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
Nov 29, 2023
၁၉၇၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာကလေးများနှစ်”အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးခဲ့သည့် တံဆိပ်ခေါင်းဒီဇိုင်းဖြင့် မြန်မာနိုင်ငံမှ “အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို ၁၉၇၉ ခု ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သည်။
Nov 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပေးနေသည့် ကျောက်ဆည်မြို့မှ ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Nov 29, 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ဖျက်သင်္ဘော၊ ဖရီးဂိတ်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးစစ်ရေယာဉ်သုံးစင်းတို့နှင့်အတူ အရာရှိ၊ စစ်သည် ၇၀၀ ခန့်လိုက်ပါလာသည့်အဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
