May 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံ ပြည်သူ ၂၂ ဦး အား PDF အယောင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
May 25, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ခရီးသွားပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထားရှိသည့် မောမြေဦးပန်းခြံ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည့် ကလောဘူတာသို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် Heritage Tourism ဖော်ဆောင်သွားနိုင်မည့်အခြေအနေများ၊ Maluca Villa သို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊ Maluca နာမည်ဖြင့် အဆင့်အတန်းမီ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
May 25, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
May 25, 2024
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E Dr. Md. Monwar Hossain အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
May 25, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပသည်။
May 25, 2024
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏သားသမီးများ၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
May 25, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
May 25, 2024
မျက်မှောက်ကာလတွင် ပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသောအရာမှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားအဆင်ပြေစေရေးသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကပံ့ပိုးဖြည့်ဆည်းပေးနေသည်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံ၏ဓနအင်အား၊ အရင်းအမြစ်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
May 25, 2024
မြန်မာနိုင်ငံသည် အာရှနိုင်ငံများအနက် ထင်းလောင်စာသုံးစွဲမှု မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျေးလက်ရော မြို့ပြပါ နှစ်စဉ်ထင်းလိုအပ်ချက်ပမာဏမှာ ကုဗတန် ၁၇ သန်းခန့် ရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်ဒေသနေပြည်သူများမှာ ထင်းနှင့်မီးသွေးတို့ကို အဓိကလောင်စာအဖြစ် သုံးစွဲနေကြခြင်းဖြစ်ရာ ထင်း၊ မီးသွေး၊ လောင်စာသုံးစွဲမှုပမာဏ မြင့်မားနေခြင်းက သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေရသည်။
May 24, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။