Skip to main content

Jul 10, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၆-၂၀၂၅)

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြဘုရင်နို့စားနွားမွေးမြူရေးလုပ်ငန်း၏ နို့စားနွားအကောင် ၄၀၀ ကျော် မွေးမြူ ထားရှိမှုကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူလုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာန၌ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းဝင်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယနေ့တွင်နေပြည်တော် ကောင်စီနယ်မြေ ဆင်သေချောင်း လက်ဝဲနှင့် လက်ယာအတွင်းရှိ စိုက်ပျိုးမြေဧက ၃၈၄၄၄ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံတောင်သူများကိုယ်တိုင် တက်ကြွစွာပါဝင်လာစေရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနက် နေပြည်တော်ကောင်စီနယ်မြေ၌ မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ယခုနှစ် ဒီဇင်ဘာလအတွင်း ပုစွန်သားဖောက်လုပ်ငန်းနှင့် အစာစပ်စက်ရုံလုပ်ငန်းများ စတင်လုပ်ငန်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ လျာထားချက်အတိုင်း အောင်မြင်စေရေး လုပ်ငန်းရှင်များအားလုံးတို့က လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့သည် ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (နေပြည်တော်) ၌ တွေ့ဆုံကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ အဖွဲ့ဝင်ဦးခင်မောင်ဦး၊ အတွင်းရေးမှူး ဦးရဲရင့်လွင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်အဖွဲ့ဝင် ဦးတင်အောင်၊ ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးသင့်ဝန်ထမ်းများအတွက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက အလှူငွေ၊ ဆိုလာမီးအိမ်နှင့် ဆေးဝါးများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများထက် မြို့ပြဒေသများ၌ နေထိုင်ကြသူပိုများသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းအနက် ၆၉ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သည်။ မြို့ပြထက် ကျေးလက်တွင် နေထိုင်ကြသူပိုများသည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ပိုမိုဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2025

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာ အယ်ဒီတာထံ ပေးစာကဏ္ဍမှတစ်ဆင့် ကျောင်းသားမိဘတစ်ဦးက စာသင်ကျောင်းများအနီး ကလပ်များ၊ ကေတီဗွီများ၊ ဘားများ၊ ဆေးလိပ်၊ ကွမ်းယာအရောင်းဆိုင်များမရှိသင့်၊ ဖွင့်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ တင်ပြခဲ့သည်ကိုတွေ့ရသည်။ ယင်းသို့ရှိနေခြင်းကြောင့် ကလေးများမူးယစ်ဆေးဝါး၊ Vape စသည်တို့ သုံးစွဲခြင်း၊ မိဘ ဆရာ ဆရာမများ၏ ဆိုဆုံးမမှု နားမထောင်ခြင်းနှင့် ရိုသေမှုနည်းပါးလာခြင်းတို့ကို တွေ့နေရခြင်း ဖြစ်ကြောင်းဖြင့်လည်း တင်ပြထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2025

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များရှိ သတ်မှတ်နေရာများ၌ အသီးသီးပြုလုပ်ရာ သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်