Jul 14, 2025
ပင်လယ်ပြင်ငါးဖမ်းရာသီကို ဇူလိုင် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရာသီဥတုပြင်းထန်မှုကြောင့် ပင်လယ်ပြင်လှိုင်းလေထန်နေသော်လည်း ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းက ဖမ်းဆီးရမိသော ရေထွက်ကုန်များ ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်ငါးဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်ငါးဈေးမှ သိရသည်။
Jul 14, 2025
မြန်မာလှေလှော်အဖွဲ့သည် ဇူလိုင် ၁၂၊ ၁၃ ရက်က စင်ကာပူ နိုင်ငံ၌ ကျင်းပသည့် စင်ကာပူဖိတ်ခေါ် ကနူးကယက်လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု ဆွတ်ခူးရရှိခဲ့သည်။
Jul 14, 2025
အာဇာနည်ဗိမာန်သို့ လာရောက်ကြမည့် ပြည်သူများအနေဖြင့် Drone ယာဉ်များ ယူဆောင်လာခြင်း၊ လွှင့်တင်ခြင်းများ မပြုလုပ်ရန် ကြိုတင်အသိပေးကြေညာခြင်း
Jul 14, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 14, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူသည့် ရွှေစင်ပြားများ၏ အရည်အသွေးကို တိုင်းတာစစ်ဆေးခြင်း၊ Electric Vehicle (EV) သုံး ဘက်ထရီဆိုင်ရာ ဒြပ်ပေါင်းများ စမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘက်ထရီများ စီမံခန့်ခွဲခြင်း၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သော သတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်းဆိုင်ရာ နည်းပညာသုတေသနလုပ်ငန်းများနှင့် နည်းပညာပံ့ပိုးပေးသည့် ဝန်ဆောင်မှုများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 14, 2025
ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား ယာယီဝန်ထမ်းနေအိမ်များတွင် နေရာချထားပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် ဖျော်ဖြေတင်ဆက်ခြင်းကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ယာယီဝန်ထမ်းအိမ်ရာ ရပ်ကွက် (C) ၌ ကျင်းပသည်။
Jul 14, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ (MNBC- 2025)ကို အသုံးချနိုင်ရေး သင်ကြားမျှဝေပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ထားရှိပြီးဖြစ်သော်လည်း တိုးတက်မြင့်မားလာသော နည်းပညာသတင်းအချက်အလက်များကို မျက်ခြည်မပြတ်စေဘဲ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် လေ့လာနိုင်ရန် E-Library အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
Jul 14, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jul 14, 2025
မြန်မာနိုင်ငံစာရေးဆရာအသင်ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) သည် တရုတ်နိုင်ငံလုံးဆိုင်ရာ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင် ဦးမင်းမင်းထိုက် (စာရေးဆရာ မြတ်မင်းသန့်) နှင့်အတူ ဇူလိုင် ၆ ရက်တွင် ချွမ်ကျိုးမြို့ရှိ Quanzhou Museum သို့ သွားရောက်၍ ပိုးလမ်းမရေကြောင်း သမိုင်းမှတ်တမ်းများအား လေ့လာခဲ့ပြီး Hilton Quanzhou Riverside Hotel ၌ ကျင်းပသော Huafu Connects the Would-Quanzhou Exchanges Event အခမ်းအနားသို့ တရုတ်၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ ကင်ညာ၊ ဂမ်ဘီယာ၊ မွန်ဂိုလီးယား၊ နီပေါ၊ ဆွစ်ဇာလန်၊ ယူဂန္ဓာ၊ အာဂျင် တီးနား၊ ဘော့စနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ ပါကစ္စတန်၊ ထိုင်း၊ အီတလီ၊ မွန်တီနီဂရိုးနှင့် ဘယ်လ်ဂျီယံနိုင်ငံစသည့် နိုင်ငံ ၂၂ နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက် သည်။
Jul 14, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ အစားအစာနှင့် ခရီးသွားပြပွဲကို “In Siberia-THERE is!” ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းကို ပါဝင်ပြသခဲ့သည်။
Jul 14, 2025
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ဗဟိုဘဏ်ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အဆင့်မြင့်စီမံခန့်ခွဲသူများ တက်ရောက်ကြသည်။
Jul 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည်။
Jul 14, 2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 14, 2025
နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့လူဦးရေနေ့သို့ ရောက်သည့်အခါ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရည်ရွယ်သတ်မှတ်ထားသည့် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ပါအတိုင်း အခမ်းအနားများ၊ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ထင်ဟပ်ပေါ်လွင်စေမည့် ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားသည်မှာ လျော်ကန်သင့်မြတ်ပေသည်။
Jul 14, 2025
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အားနှင့် လူအင်အားတို့ကို ထိရောက်စွာ အသုံးချနိုင်ရန်လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုပြဿနာတွင် အဓိကဖြေရှင်းရန် လိုအပ်သည်မှာ မိမိတို့တွင် ရှိနေသည့်အရာကို ထိရောက်စွာအသုံးပြုနိုင်ရေးပင်ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က ပြောကြားကြသည်။
Jul 13, 2025
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Jul 13, 2025
နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
Jul 13, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 13, 2025
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပသည်။
Jul 13, 2025
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် တောင်သူများ စဉ်ဆက်မပြတ် ထိတွေ့အဖြေရှာနိုင်ကြစေရန် အပတ်စဉ် စနေနေ့တိုင်းကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက (၇၅)ကြိမ်မြောက်အဖြစ် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက ပိုးသတ်ဆေးဥပဒေအကြောင်းသိကောင်းစရာနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ် လျှော့ချသည့်နည်းလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။