Skip to main content

Jul 23, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် တောင်ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဆောင်များ၊ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စနစ်တကျရှိစေရေး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် စတုရက္ခိတ(မိတ္ထီလာ)ကျောင်းတိုက်၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

(၁၇) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇူလိုင် ၂၂ ရက် မှ ၂၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျလက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် (The 17th Meeting of the ASEAN Fisheries Consultative Forum) ကို ရန်ကုန်မြို့ Summit Parkview ဟိုတယ် Ball room ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ 1G1 11 Hotel ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)မှ ညွှန်ကြားရေးမှူးချုပ် H.E Mr. Chulvat Narinthrangura ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးတက်ပြန့်ပွားအောင် စာအုပ်စာပေဖတ်ရှုလေ့လာခြင်းသည် အဓိကအရေးပါသည်ကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နားလည်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အခြေခံစာကြည့်တိုက်သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ဘူတာမှ Rail Bus Engine-RBE အထူးရထားဖြင့်ထွက်ခွာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရှမ်းရွာဘူတာသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘူတာအဆောက်အအုံ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ပြန်လည်တည်ဆောက်မည့် ဘူတာသစ်၏ ဒီဇိုင်းပုံစံနှင့် လက်ရှိ Modular Office တပ်ဆင်၍ ဘူတာအဖြစ် အသုံးပြုမှုအခြေအနေတို့ကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

ပြည်သူများ၏ အဓိကလိုအပ်ချက်မှာ ကုန်ပစ္စည်းများသင့်တင့်မျှတသော ဈေးနှုန်းရှိစေရေး၊ ဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိဘဲ တည်ငြိမ်မှုရှိစေရေးနှင့် စားသုံးကုန်ပစ္စည်းများ ဖူလုံပြည့်စုံမှုရှိစေရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများစားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေသလို ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2025

နောင်ချိုမြို့ကို တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရပြီးနောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယာယီထိန်းချုပ်ထားစဉ်အတွင်း နောင်ချိုသည် အမှောင်ကာလတစ်ခုသို့ ကျရောက်ခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများနှင့် တစ်ကျိတ်တည်းတစ်ကြံတည်း အပေါင်းအပါ မြို့ခံအချို့မှလွဲလျှင် ကျန်ရိုးသားသည့် ဒေသခံတိုင်းရင်းသားပြည်သူလူထုမှာ ယင်းအခြေအနေအပေါ် နှစ်မြို့ခြင်းမရှိသော်လည်း သည်းခံနှုတ်ဆိတ်ပါးစပ်ပိတ်နေခဲ့ကြရသည်။ အထူးသဖြင့် နောင်ချိုမြို့နှင့် ပတ်ဝန်းကျင်ရှိ ကျောင်းများအားလုံးကို ပိတ်ထားခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူကင်းစင်သော အေးချမ်းသည့် မြို့ရွာဒေသများတွင် စာသင်ကျောင်းများအားလုံးဖွင့်လှစ်ပြီး ကလေးများအားလုံး ပညာသင်ကြားခွင့်များ ပုံမှန်ရရှိနေခြင်းဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီအားဖြင့် ထိန်းချုပ်ထားသည့်ဒေသများရှိ ကလေးများမှာ လွန်စွာထိခိုက်နစ်နာဆုံးရှုံးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများပူးပေါင်း၍ ဒေသခံပြည်သူလူထုလုံခြုံရေးနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲအချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်ရှိ သိန်းဝင်းထွန်းနှင့် ထွန်းထွန်းလင်း(ခ)ကိုထွန်းတို့ ငှားရမ်းထားသည့်နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်လွင်အား အိုက်စ်(မက်သ်အဖက်တမင်း) ၁,၈၇၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၄၆ ဒသမ ၈၇၅ ဘီလီယံ)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း(၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံ)နှင့် TOYOTA DYNA မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ့်မြို့၌ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့အဆင့် တတိယရရှိခဲ့သော မြန်မာ Esports အားကစားအဖွဲ့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်း၊ အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသား သင်တန်းသူများနှင့် မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ် တောင်ဒဂုံအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း (၁) ရှိ (စက်ဘီးကွင်း) တို့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်