Jun 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Jun 14, 2025
နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများသည် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားအတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားအားလုံးက လေးစားလိုက်နာကြရသည်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်အတွက် ဥပဒေဆိုင်ရာအကြောင်းအရာများကို သိရှိထားရန်လိုအပ်သည်။
Jun 14, 2025
ကလေးဆိုသည်မှာ သင်ယူနေရမည့်အရွယ်ဖြစ်သည်။ ငွေရှာနေရမည့်အရွယ်မဟုတ်။ သို့ဆိုစေကာမူ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းမနေနိုင်ဘဲ ဝင်ငွေရရှိရေးအတွက် အလုပ်လုပ်ကိုင်နေ ကြရသည့် ကလေးများစွာ ကမ္ဘာတစ်ဝန်းတွင်ရော၊ မြန်မာနိုင်ငံတွင်ပါ ရှိနေသည်။ ကလေးအလုပ်သမား လျော့နည်းကျဆင်းရေး ကမ္ဘာတစ်ခွင် ကြိုးပမ်းဆောင်ရွက်မှုများသည် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုခန့် မှန်မှန်တိုးတက်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပဋိပက္ခများ၊ အကျပ်အတည်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် မိသားစုများ ပိုမိုဆင်းရဲနွမ်းပါးခဲ့ကြရခြင်းက ကမ္ဘာတစ်ဝန်းလုံးမှ ကလေးငယ် သန်းပေါင်းများစွာကို ကလေးအလုပ်သမားဘဝသို့ ကျရောက်သွားစေခဲ့သည်။
Jun 13, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို၊ ကော့ဘော်ကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Jun 13, 2025
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲ ရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
Jun 13, 2025
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -
Jun 13, 2025
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်တွင် ပုံနှိပ်မင်၊ ပလိတ်နှင့် ပုံနှိပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ - ၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေး အစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -
Jun 13, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 13, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများက အွန်လိုင်းဖြင့် တက်ရောက်သည်။