Skip to main content

Jan 14, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ ထို့အတူ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tariq Karim အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက်ဌာနများမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်စောင်ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရုံး၏ အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့်အနေဖြင့် မြန်မာနိုင်ငံသည် ကြားနာပွဲသို့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

“ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာနကြီး၏ အကြီးအကဲနှင့် လက်ထောက်ကာကွယ်ရေးဝန်ကြီး Major General Valeriy Aleksandrovich Revenko က ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မျက်မှောက်ကမ္ဘာကြီးကို ပညာဖြင့်တည်ဆောက်နေကြသည်။ အသိဉာဏ်ပညာအဆင့်အတန်းမြင့်မားမှု အတိုင်းအတာအလျောက် နိုင်ငံများတိုးတက်မှုကို တွေ့နိုင်သည်။ လူ့ဘဝအားအသိဉာဏ်ပညာဖြင့် အစပြုပျိုးထောင် တည်ဆောက်ရသလို လူ့အသိုက်အဝန်းကိုလည်း ပညာဖြင့်သာဆောက်တည်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာဖြင့် အစပျိုးတည်ဆောက်လာရသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများမှာ တစ်စတစ်စမြင့်မားလာသည်ကို တွေ့နိုင်သည်။ နိုင်ငံအနာဂတ်အတွက် လူငယ်သာလျှင်ပဓာန၊ လူငယ်သာလျှင် အဓိကဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအနက် လူ ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခြင်း၊ အစားအစာများကျွေးမွေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သတင်းအရသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား(၅)ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်