Oct 24, 2024
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပထမခြေစမ်းပွဲကို အောက်တိုဘာ ၂၃ ရက်က ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းက လေးဂိုး - တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
Oct 24, 2024
ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံဂွမြို့၏ အနောက်ဘက်ရေမိုင် ၃၂၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်နှုန်းခန့်ဖြစ်သည်။
Oct 24, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda Arakaki ကို ယနေ့ နံက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဂျီနီဗာမြို့ရှိ UNFPA ရုံး၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda Arakaki နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Oct 24, 2024
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝန်း၌ စီးပွားရေးထိခိုက်ရပ်တန့်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကျဆင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူသည့်အချိန်တွင် ကျဆင်းနေသောစီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သည်။
Oct 24, 2024
ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုနှင့် ကမ္ဘာကြီးကို ၎င်းတို့အလိုရှိသလို ထိန်းကျောင်းမောင်းနှင်နိုင်ရေးကြိုးပမ်းမှုများတွင် Hard Power ခေါ် စစ်ရေးအင်အားကြီးမားအောင် အပြိုင်အဆိုင် တည်ဆောက်ကြသကဲ့သို့ Soft Power ခေါ် စာပေ၊ ဂီတ၊ အဆို၊ အက၊ ရုပ်ရှင်အနုပညာ၊ ယဉ်ကျေးမှုအားဖြင့်လည်း လွှမ်းမိုးထားနိုင်ရန်လည်း ဆောင်ရွက်ကြသည်။ ယဉ်ကျေးမှု ထိုးဖောက်လွှမ်းမိုးစေသည့် နည်းလမ်းသည် ရှေးယခင် ကိုလိုနီနယ်ချဲ့ခေတ်ကတည်းကပင် ကျင့်သုံးခဲ့ကြသည့် နည်းလမ်းအဟောင်းတစ်ခုပင်ဖြစ်သော်ငြားလည်း နည်းပညာတိုးတက် ဖွံ့ဖြိုးလာသည့် ယနေ့ခေတ်တွင် လွန်စွာလျင်မြန်ကျယ်ပြန့်လာသည်။ အနောက်တိုင်းယဉ်ကျေးမှုပုံစံများဖြင့် မွေးနေ့ပွဲ၊ မင်္ဂလာဆောင်ပွဲများကျင်းပခြင်း၊ Valentine Day ၊ Halloween Day အလေ့အထများ လက်ခံကျင့်သုံးလာခြင်း၊ New Year ပွဲတော်ကျင်းပခြင်း စသည့်ဓလေ့ထုံးစံများ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ထိုးဖောက်ဝင်ရောက်လာသည်။
Oct 23, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၅၀ ခန့်အား ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ပြည်သူ ၂၂ ဦးခန့်အားသတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 23, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 23, 2024
ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Oct 23, 2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Oct 23, 2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၊ ညီလာခံခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Oct 23, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
Oct 23, 2024
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 23, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
Oct 23, 2024
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
Oct 23, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich နှင့် ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ထိရောက်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး
Oct 23, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Oct 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ၊ Tomsk ပြည်နယ် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Sonexay Siphandone အား ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးသည်။
Oct 23, 2024
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
