Skip to main content

Jun 18, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Common Rose” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နယုန်လဆန်း ၁၄ ရက်(ကြာသပတေးနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်းတစ်ခုကို ဇွန် ၁၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများကဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးချိန်တွင် လောင်းကစားဝိုင်းကို လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး၏ပေါင် ကျည်ထိမှန်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

“အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို သတ်မှတ်လူဦးရေထက် အဆမတန် စုပြုံထားရှိသဖြင့် အကျဉ်းသားများ အခက်အခဲကြုံနေရ” ခေါင်းစဉ်ဖြင့် Tachileik News Agency Facebook Page က ဇွန် ၇ ရက်တွင် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇွန် ၁၅ နံနက်ပိုင်းက (၃၈) ကြိမ်မြောက်အဖြစ် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်​တွင် အေးရှားဝေါဆိပ်ကမ်း (AWPT-2) မှ ပြောင်းစေ့တန်ချိန် ၅၄၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တင်ပို့ခဲ့သည်

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၃၉၈၉၈ အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လောင်စာတောင့်များနှင့် ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးလမ်းမပေါ်ရှိ မြကျွန်းသာကန်ပေါင်အနီး NPK Motors Co.,Ltd MG Myanmar မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်ဓာတ်အား ဖြည့်သွင်းရုံ (MG EV Charging Station) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး များ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A )၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်တွင် ကျရောက်သော “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ သင်ကြားရေးဆေးရုံဝင်းအတွင်း၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့နံနက် ၆ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိ ခန်းမ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနား (5th Lancang– Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Radio and TV Station ရှိ Studio – 1 ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာလမှစ၍ ယနေ့ထက်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခသံသရာထဲတွင် ဝဲလည်နေရဆဲဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးမွေများကို သမိုင်းတစ်လျှောက်နှင့် ပြည်သူအဆက်ဆက် ခံစားခဲ့ရပြီးဖြစ်၍ ငြိမ်းချမ်းရေးကို အားလုံးမျှော်လင့်နေကြသည်။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံများသည်ပင် ယခုအခါ ငြိမ်းချမ်းရေးကို ခိုင်မာစွာတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ တက်လှမ်းနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2024

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံး၊ ဓားမြှောင်ကိုင်ဆောင်ခြိမ်းခြောက်ကြသူများ၊ ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများ အကြိမ်ကြိမ်လုယက်ခဲ့သူ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ဓားကိုင်ဆောင်လုယက်သူများ စုစုပေါင်း ၁၁ ဦးတို့ကို ဒုစရိုက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စုံစမ်း ဖော်ထုတ်၍ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။ ရပ်ရွာများအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်သမားတို့ ထကြွသောင်းကျန်းကာ အတင့်ရဲလာကြခြင်းက ရပ်ရွာအေးချမ်းသာယာမှုကို ထိခိုက်စေရုံသာမက ပြည်သူလူထု၏ တရားဥပဒေအပေါ် ယုံကြည်ကိုးစားမှုကိုပါ လျော့နည်းကျဆင်းစေသည်။ ဥပဒေကိုချိုးဖောက်၍ ရပ်ရွာအေးချမ်းသာယာမှုကို အနှောင့်အယှက်ပြုသူ၊ ဒုစရိုက်မှုကျူးလွန်သူတို့ကို ထိရောက်စွာ ဖော်ထုတ်အရေးယူနှိမ်နင်းနိုင်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှု မြင့်မားလာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၉-၆-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၆-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၃,၈၇၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်