Skip to main content

တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၀

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၁၁)၊ နယ်မြေ (၇၆) ရှိ သန်းထွေးအောင် (ခ) ခေါကြီး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရှာဖွေရာ ၎င်းနှင့်အတူ မချောချောဦး(ခ)မစုနှင့် အောင်နိုင်ထွန်းဦးတို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။