Mar 02, 2025
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ ဣစ္ဆာသယကျောင်းတိုက် သန်းရတနာဓမ္မဗိမာန်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Mar 02, 2025
ပြင်ဦးလွင်ဒေသရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
Mar 02, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်၊၊
Mar 02, 2025
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 02, 2025
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 02, 2025
အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 02, 2025
ခေတ်မီဆန်းသစ်လာသော Digital Technology အသုံးပြု၍ သွားနှင့် ခံတွင်းရောဂါများကို ပိုမိုထိရောက်မြန်ဆန်စွာနှင့် လွယ်ကူစွာကုသနိုင်ရန်အတွက် Digital Dentistry ကို တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ “Symposium on Digital Dentistry : Its Changes and Challenges ” ကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေးရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင် ကျင်းပသည်။
Mar 02, 2025
အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA)တွင် မတ် ၃ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်မည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ဆဋ္ဌမအကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား ၄၀ သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
Mar 02, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 02, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှု ကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။