Skip to main content

Jan 17, 2025

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန့်နေ့ကလွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာနက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆားပေးအပ်ခြင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

​​​​​​​“မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ် ကျော်လွန်ခဲ့ပြီဖြစ်၍ လက်နက်ကိုင်ပဋိပက္ခ မည်သည့်အကြောင်းကြောင့်ဖြစ်ပွားနေရသည်ကို ပြန်လည်ဆန်းစစ်ကြည့်ရန်လိုပါသည်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလ၌ အားနည်းချက်များကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်းကို သတိပြုသင့်ကြပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

​​​​​​​မီးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနှိုးဆော်မှုကို စဉ်ဆက်မပြတ်ပြုလုပ်နေသည်။ မီးဘေးရှောင်၊ မလောင်ခင်တားဟူသည့် ဆောင်ပုဒ်နှင့်အညီ မီးလောင်ကျွမ်းမှုသည်မဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းက မီးလောင်မှုဖြစ်ပေါ်မှ ငြှိမ်းသတ်ခြင်းထက် ပို၍ထိရောက်စေသည်။ အန္တရာယ်ကြီးမားသည့် မီးလောင်ကျွမ်းမှုကြီးများ ဖြစ်ပွားသည့်အခါ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ကဲ့သို့သော နိုင်ငံမျိုးပင်လျှင် မနိုင်မနင်းငြှိမ်းသတ်နေရသည်ကို တွေ့မြင်ရသည့်အပြင် လူသေဆုံး၊ ပျောက်ဆုံးသတင်းများလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ဟု သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းမှစတင်ကာ မလိကျွန်း၊ တိုက်နယ်ဆေးရုံတွင်အခြေပြု၍မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၃၉၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ၊ အောင်ကျိုက္ခမီဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၈၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ အရှေ့ခြမ်းကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လဟယ်မြို့သို့ရောက်ရှိစဉ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က PBM3 ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲစဉ်အတွင်း တွဲဆိုင်း ၁၀ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း MBC ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသည့် အကျဉ်းသားမျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းကြောင့် သေဆုံးသွားသည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ မဟာပန်းလည်တိုင်စိုက်ထူခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂမဟာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့ မြောင်းမြပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ဆရာဆရာမများ၏ သင်ပြနည်းစနစ်များ၊ ကျောင်းသားကျောင်းသူများ၏ တန်းပြလေ့ကျင့်နေမှုများကို ကြည့်ရှုအား‌ပေးသည်။

ဆက်လက်ဖတ်ရှုရန်