Skip to main content

Jan 25, 2025

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃၆) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းကြီးကြပ်ဆရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါ ရီ ၂၃ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ရရှိခဲ့သည့် သဘောတူညီမှုရလဒ်များ၊ နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်မှုအခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ (၉) ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ သမိုင်းစဉ်တစ်လျှောက်၌ အမြော်အမြင်ကြီးမားသည့် တိုင်းပြည်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူများ အတူပူးပေါင်းလက်တွဲပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့ရာ ယနေ့ထက်တိုင် နိုင်ငံတော်ကြီးတည်တံ့ဖြစ်ထွန်းလျက်ရှိသည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်ကလည်း တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း နယ်ချဲ့ကိုတွန်းလှန်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2025

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအကြိမ်ရေနှင့် သေဆုံးသူလူဦးရေတို့မှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း သိရသည်။ ယမန်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှု ၃၈၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၀၁၁ ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ် ယာဉ်တိုက်မှုများ၏အောက် ၈၉၇ ကြိမ် လျော့ကျသွားခဲ့ပြီး သေဆုံးသူ ၄၁၁ ဦး လျော့ကျသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ပိဋကတ်သုံးပုံပါဠိတော်ခုနစ်ကျမ်းအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (တိုးချဲ့ရုံးသစ်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပဋိပတ္တိမာမကကျောင်းတိုက်မှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ နှင့်သင်တန်းသား WCC အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိနားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

၁။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အောင်သီဟရပ်ကွက်၊ သဇင်လမ်း၊ ဧ-၁၂၇ တွင် ပါတီရုံးချုပ်တည်ရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP)က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၁-၁-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်းအသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

သင့်တော်သော ရေသွင်းနည်းစနစ်ကို  မှန်ကန်စွာအသုံးချပြီး မိုးကြို၊ မိုး၊ မိုး‌နှောင်း၊ ဆောင်း စသည့် စိုက်ရာသီများတွင် သင့်တော်သည့်အချိန်ကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ဝါသီးမျိုး ခြောက်မျိုးစမ်းသပ်စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပျဉ်းမနား စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းဝင်း၌ ဆောင်ရွက်ထားရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး လွန်ကျော်၊ ရွှေတောင်(ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ)၊ ပျော်ဘွယ်(ချောင်းမကြီး) ဝါသီးနှံမျိုးသန့်ခြံ၊ မကွေးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ (အောင်လံ)၊ ပဲခူးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ(လေးဆည်ပြင်)တို့မှ ခြံတာဝန်ခံများ၊ သုတေသနတာဝန်ခံများ၊ မျိုးပွားတာဝန်ခံများနှင့် စိုက်ပျိုးရေးပညာရှင်များ လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်