Skip to main content

Jan 31, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရတိုင်းရင်းသားတေးသံရှင်များက ပွဲစဉ် (၇) ပွဲဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဖျော်ဖြေတင်ဆက်လျက်ရှိရာ ပွဲစဉ် (၆) “ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် (သောကြာနေ့) ည ၉ နာရီ ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်၊ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တပေါင်းကွင်းရှိ ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်းအစီအစဉ် ၂၀၂၅ သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရုရှားမျိုးချစ်သူရဲကောင်းများဗိမာန်၌ကျင်းပသော အမှတ်တရအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ခုနစ်နိုင်ငံအသိအမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်က လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park ကွန်ဖရင့်ဟောခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံး၌ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသော လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အချက်များပါဝင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2025

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူလူထုကြားတွင် သတင်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် အွန်လိုင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်းမှန်များနှင့် သတင်းအမှားများစွာတို့ကလည်း ပျံ့နှံ့လျက်ရှိရာ အဆိုပါသတင်းများက ပြည်သူလူထုအတွင်း ရိုက်ခတ်ခြင်းကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်မှု၏ပုံရိပ်ကို ထိခိုက်စေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ရောက်ရှိကြရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

နိုင်ငံတစ်ဝန်းတွင် ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်ကို ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပမှ ဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ အားဖြည့်တင်သွင်းခွင့်ပြုထားကြောင်းနှင့် အဆိုပါပြည်ပဘိလပ်မြေများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မော်ကွန်းဝင်တတိယအဆင့် တပ်သား ချစ်လှ (အငြိမ်းစား) အသက် ၁၀၃ နှစ်အား ဂါရဝပြုချီးမြှင့်ငွေများ သွားရောက်ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 30, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံတွင် နေကြာမျိုးသန့် စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ (၂) ဧက ၄၀ စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသည့် နေကြာမျိုးကောင်းမျိုးသန့်များ ပိုမို စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အကြုံပြုဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်