Jan 28, 2020
ပြည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
Jan 27, 2020
ရန်ကုန် ဇန်နဝါရီ ၂၇
အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
Jan 15, 2020
ရန်ကုန် ဇန်နဝါရီ ၁၅
တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပညာ ရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
Jan 04, 2020
ဘားအံ နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
