Mar 04, 2020
နေပြည်တော် မတ် ၄
မြေဩဇာကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
မြန်မာနိုင်ငံအနေဖြင့် ATIGA e – Form D လဲလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ASW Live Operation သို့ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့ခြင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ကုန်သွယ်မှု နှင့် ဆက်စပ်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ကုန်သွယ်မှု အသိုက်အဝန်းသို့ အသိပေး တင်ပြမည့် Launch Ceremony အခမ်းအနားကို မတ် ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပမည်ဖြစ်သည်။
Mar 04, 2020
(၄-၃-၂၀၂၀)ရက်နေ့၊ည(၉:၁၅)နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ညတွင် ထပ်မံ ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -
Mar 04, 2020
နေပြည်တော် မတ် ၄
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော် အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်း လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2020
ရန်ကုန် မတ် ၄
ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်း၍ မတ်လ (၇ / ၈ / ၉)ရက်တို့တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့၌ ကျင်းပမည့် ရာပြည့်ဓမ္မ သဘင်ကို လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ Pen Myanmar အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
Mar 04, 2020
(၄-၃-၂၀၂၀)ရက်နေ့၊ည(၈:၀၀)နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၇၂) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ် နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Mar 04, 2020
နေပြည်တော် မတ် ၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2020
ရန်ကုန် မတ် ၄
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Mar 04, 2020
ရန်ကုန် မတ် ၃
တရုတ်နိုင်ငံသို့ တစ်နေ့လျှင် မြန်မာ့ ဖရဲ၊ သခွားကုန်ကားအစီးငါးရာ တင်ပို့ခဲ့ရာမှ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် ကားအစီး နှစ်ရာကျော်ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
Mar 04, 2020
နေပြည်တော် မတ် ၃
နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
Mar 04, 2020
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် (Japanese Classic Film Festival)ကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် မတ် ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။
Mar 04, 2020
မန္တလေး မတ် ၄
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာ ဟိုတယ်တွင် ကျင်းပသည်။
Mar 04, 2020
ရန်ကုန် မတ် ၃
ကမ္ဘာ့သောတအာရုံနေ့ (World Hearing Day 2020) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာ နိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်အောင်စော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာခင်လှလှတို့က အမှာစကားများ ပြောကြားကြ သည်။
Mar 04, 2020
မန္တလေး မတ် ၃
ယခု နွေဦးရာသီတွင် စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား မြန်မာ့မကျည်းများ အထွက်နှုန်း နည်းပါးသည့် အတွက် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။
အရောင်းသွက်
Mar 04, 2020
ရန်ကုန်မြို့၏ အချက်အချာနေရာ သွားရေးလာရေး လွယ်ကူသည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းမကြီး တွင် ၁၉၀၈ ခုနှစ်ကတည်းက ယနေ့တိုင်တည်ရှိနေသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အဆောက်အဦကြီး သည် မကြာမီကာလတွင် နိုင်ငံသူ နိုင်ငံသားအားလုံး အတွက် ဗဟုသုတသိုမှီးရာ၊ တန်ဖိုးမဖြတ်နိုင်သည့် စာကောင်းပေမွန်များ သိုလှောင်စုစည်းသိမ်းဆည်း ထားရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိလာတော့မည်ဖြစ်သည်။
Mar 04, 2020
ရန်ကုန် မတ် ၃
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
Mar 04, 2020
မန္တလေး မတ် ၃
မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင် က ပြောကြားသည်။
