Skip to main content

Feb 25, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၂၀ ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင ပြုလုပ်သည့် အစည်းအဝေး ၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့် နည်းတူပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်း များ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေး ရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

Film Digital Restoration Workshop သင်တန်းဖွင့်ပွဲခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ အမှတ် (၅၀)၊ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ ရုပ်ရှင်ပြခန်းမ၌   ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့် ပါဝင်သက်ဆိုင်သူများ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော်    ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး  “အမျိုးသားအဆင့် အက်ဆစ် ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၈ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂  ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံး ဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်ပြီး (၇) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

တောင်ကြီး  ဖေဖော်ဝါရီ  ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

ရွှေကူ  ဖေဖော်ဝါရီ  ၂၄

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီတွင် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာသို့ရောက်ရှိပြီး ဘုမ္မိဇေယျ ရွှေပေါ်ကျွန်း ကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ဃန်း အစရှိသည်များကို လှူဒါန်း ပူဇော်ပြီး ကံ့ကော်တစ်ထောင် ဘုရားအရှေ့ဘက် ဉာဏ်တော် အမြင့် ၂၄ တောင်ရှိသော ဖောင်တော်ဦး အောင်ဇေယျာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည့် သတ်မှတ်ထားသော မြေနေရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာ ပန္နက်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကင်းထောက်စတင်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ် အထိမ်းအမှတ်နေ့(Scout Founder Day) နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပညာ‌ရေး၀န်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်နှင့်‌ ကောလိပ်‌ပေါင်းစုံ ဖိတ်‌ခေါ်လှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန် တက္ကသိုလ်များ‌ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ “ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း” စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။

စာပေဟောပြောပွဲတွင် “ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

စာရေးဆရာမ နုနုရည်(အင်း၀)

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ  ၂၃

ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ်  အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက် မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများသည် ပန်းပွဲတော်တွင် စိုက်ပျိုးထားသည့် ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံအလှကို ခံစားအပန်းဖြေရင်း အထူးစည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လှေလှော်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့ နံနက်က သတ်မှတ်ထားသည့် နေရာများ၌ ဆက်လက်ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပရာ ရိုးရာလှေပြိုင်ပွဲတွင် (အပေါ်ပုံ) အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀၊ မီတာ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေ ကြသည်။ အသက်အရွယ်အားဖြင့် ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှု ပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင်သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်း အော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မန္တလေး   ဖေဖော်ဝါရီ   ၂၂

အထက်မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ဆန်းသစ်တီထွင် ဖန်တီးထားသည့် နည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် လက်မှုဆိုင်ရာ ပစ္စည်းများ စုပေါင်းပါဝင်ပြသသည့် MakerFest Myanmar 2020 ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်