Sep 04, 2020
မြန်မာကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များသို့ ကုန်စည်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသော မြန်မာနိုင်ငံကမ်းရိုးတန်း သွား ကုန်တင်ရေယာဉ် များအနေဖြင့် ဩဂုတ်လအတွင်း ကုန်ပစ္စည်းရရှိမှုပေါ် မူတည်ကာ သင်္ဘောများ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
Sep 04, 2020
ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒ အလျောက်” တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာ ဝန်နှင့် သူနာပြုများသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသား ပိုင် လေကြောင်းလိုင်းမှ အထူးလေယာဉ် ဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
Sep 04, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ စက်တင်ဘာလ၂ရက်နေ့က တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု မှန်းဆရ သည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။
Sep 04, 2020
ကိုဗစ်-၁၉ ရောဂါသည် ကြောက်ရွံ့ထိတ်လန့်ဖို့မလို၊ သို့ရာတွင် မပေါ့ဆရန်တော့လိုသည်။ ရောဂါ ကူးစက်ပျံ့နှံ့မှု နှေးကွေးနေခဲ့ သည့် ပြီးခဲ့သော လအနည်းငယ်အတွင်းမှစကာ မိမိတို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ပေါ့ပေါ့ဆဆ ဖြစ်လာကြသည်။ နောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးသည် မျိုးဗီဇပြောင်းလဲ သွားပြီးနောက် ကူးစက်မှုနှုန်း မြန်ဆန်လာသော်လည်း သေလောက်သည့် ရောဂါမဟုတ်တော့ကြောင်း၊ သာမန်တုပ်ကွေး အဖျားမျှသာဖြစ်ပွားကြောင်း စသည့်သတင်းများကြောင့်လည်း ရောဂါအပေါ် အလေးအနက်မထားတော့သည့် အပြုအမူ၊ အနေ အထိုင်များနှင့် ပေါ့ဆလာကြ ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ။
Sep 03, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံ များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် All Nippon Airways (ANA) ၏ ဆဋ္ဌမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ် NH 813 သည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် တိုကျိုမြို့ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
Sep 03, 2020
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာ ကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်း သူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့ သည့် ထောက်ပံ့ မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးရုံး၌ အွန်လိုင်းစနစ် ဖြင့်ကျင်းပသည်။
Sep 03, 2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စား သောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စု လျှင် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား ဩဂုတ် ၂၁ ရက်တွင် Virtual Meeting အဖြစ် ကျင်းပခဲ့ပြီး ဖြစ်သည်။
Sep 03, 2020
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်း အဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာ(၁) ရက်မှ (၄) ရက် အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးတို့ ပါဝင်တက်ရောက်ကြကာ စီမံကိန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၁၂)ဦးတို့က လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။
Sep 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၁၄၃) ဦးအား တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် All Nippon Airways (ANA) All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Sep 03, 2020
၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 03, 2020
စင်ကာပူနိုင်ငံတွင် စာချုပ်သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၂၈ ဦးအား မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Sep 03, 2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင် ပြည်နယ်အတွင်းရှိ IDP တိုက်ပွဲရှောင် စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စု များအား စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting ဖြင့် ကျင်းပ ခဲ့သည်။
Sep 03, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းများ ထုတ်ပြန်သည့်အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။
Sep 03, 2020
မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။
Sep 03, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁ဝဝဝ ပြည့်ရန် ငါးဦးသာလိုတော့သည်။ နောက်တစ်နေ့ဆိုလျှင် ပြည့်ရုံသာမက ကျော်လွန်သွားလိမ့်မည်ဟူ၍လည်း မှန်းဆကြည့်မိသည်။ ပြည်တွင်းကူးစက်မှု အများအပြား ရုတ်တရက် ထွက်ပေါ်လာချိန်မှစ၍ ရောဂါအတည်ပြုလူနာ အရေအတွက်မှာ တရိပ်ရိပ်တိုးလာနေပြီဖြစ်သည်။
Sep 02, 2020
၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 02, 2020
မြန်မာနိုင်ငံတွင် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics) ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး၊ Logistics ကဏ္ဍနှင့်ဆက်စပ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရေးနှင့် သင့်တော်သော စည်းမျဉ်းစည်းကမ်းများနှင့် Logistics လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အထောက်အပံ့ပေးနိုင်မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုင်ရာ အစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 02, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၃၀ ဘီလီယံ ရယူရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရများအကြားလဲလှယ်မှု စာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loan Agreement) တို့အား စက်တင်ဘာ ၁ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် JICA တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
Sep 02, 2020
ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့ အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် (ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 02, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတော့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆုတ်(၂)ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
