Skip to main content

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့် ပွိုင့် ၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ကျည် ၂၉၅ တောင့် ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၁

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၆ ဒသမ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် ပွိုင့် ၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ကျည် ၂၉၅ တောင့် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ  သတင်းထုတ်ပြန်ချက်၌   လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင်   ကျိုင်ဆမ်မွန်းအား  ဖမ်းဆီးရမိခဲ့ပြီး  စစ်ဆေးပေါ် ပေါက်ချက်အရ စိုင်းယီဝင်း  နေထိုင်သည့်  တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ၄ လမ်း အမှတ် (၄/၁၅)ရှိ နေအိမ်ကိုရှာဖွေရာ စိုင်းယီဝင်းနှင့် မနန်းနွဲ့ယဉ် တို့အားတွေ့ရှိ၍ နေအိမ်အတွင်းမှ ငွေကျပ် ၆ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ အက်တက်စီဆေးပြား ၁ ဒသမ ၄၁၅ သိန်း ပြား၊ ဘိန်းဖြူ  ၃၁ ဒသမ ၅ ကီလို၊ အိုက်စ် ၁ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့် ၄၅ ကီလို၊ ကဖင်း ၅၅ ကီလို၊ မျောက်တံဆိပ် အနံ့ဆေးရည်  ပုလင်း ၂၀၊  ဘယ်နလင်အမှုန့်  ၉  ကီလို၊ အနံ့မှုန့်  ၂  ကီလို၊ တံဆိပ်မပါ မို  ၃၅ ချောင်း၊ WY တံဆိပ်ပါ မို ၃၅ ချောင်း၊ မိုခေါင်း ၃၅ ခု၊ 999 တံဆိပ်ပါတံဆိပ်တုံး တစ်ခု၊ A စာတန်းပါတံဆိပ်တုံးတစ်ခုနှင့်  မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် ပွိုင့် ၂၂ ပြောင်းရှည် သေနတ်တစ်လက်နှင့်  ၎င်းကျည် ၂၉၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့်  ၄င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။                                           

သတင်းစဉ်