Sep 13, 2021
(၂၀) ကြိမ်မြောက် အာဆီယံ - တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ -ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး
Sep 13, 2021
ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဓါတ် ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ရိတ်သိမ်းပြီး နောက်ပိုင်း ကာလ လုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်လျက်ရှိသည့် လေလွင့်ဆုံးရှုံးမှုများ
Sep 13, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၌ တိုင်းဒေသကြီးအတွင်းရှိ သစ်တောနှင့် သတ္တုကဏ္ဍတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။
Sep 13, 2021
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး သည် ဂျပန်နိုင်ငံရှိ ကျူရှူးတက္ကသိုလ်၊ ကိုဘေးတက္ကသိုလ်နှင့် နာဂိုရာတက္ကသိုလ်များသို့ ပညာသင် သွားရောက်မည့် ဥပဒေအရာရှိများအား Online စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြား သည်။
Sep 13, 2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက် တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Sep 13, 2021
မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသအတွင်း ငါးရိက္ခာများ ပိုမို စားသုံးနိုင်စေရေးတို့အတွက် မြင်းခြံမြို့နယ် ထနောင်းကုန်းရွာရှိ ဒေါင်းအင်းရှင်ဒေါင်းမအင်းတွင် အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသား ဖောက်သင် န်း ကိုစက်တင်ဘာ ၁၁ ရက် မှ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည်။
Sep 13, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါ အဝင်လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုး နှံပေးခြင်း များကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Sep 13, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 13, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
Sep 13, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီး သီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ကြိုတင်ပြင်ဆင် မှုများကိုလုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်းပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
Sep 13, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊
Sep 13, 2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ စာသင်တိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာ တော်များအတွက် ဆန်အိတ် ၅၀၊ ဆီပိဿာ ၂၄၀၊ ကုလား ပဲ လေးအိတ်နှင့် ဆားလေးအိတ် တို့ကို ပဓာနနာယကဆရာတော် ထံသို့ လည်းကောင်း၊ ပဲခူးမြို့ သာသနာ့ဇောတိက ပရိယတ္တိ စာသင်တိုက်သို့ဆန်အိတ် ၃၀၊ ဆီ ပိဿာ ၁၄၀၊ ကုလားပဲနှစ်အိတ်နှင့် ဆားနှစ်အိတ်တို့ကိုလည်းကောင်း၊ ဝင်းနိမ္မိတာရုံ ပရိယတ္တိ စာသင်တိုက်သို့ ဆန်အိတ် ၃၀၊ ဆီပိဿာ ၁၅၀၊ ကုလားပဲနှစ်အိတ်နှင့် ဆား နှစ်အိတ်တို့ကိုလည်းကောင်း၊ သာမဏေကျော် ပရိယတ္တိစာသင် တိုက်သို့ ဆန် ၅၇ အိတ်၊ ဆီ ပိဿာ ၂၈၀၊ ကုလားပဲ ငါးအိတ်နှင့် ဆား ငါးအိတ်တို့ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
Sep 13, 2021
၁။ လူကုန်ကူးမှုပြဿနာသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ် ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည် ပေါ်ပေါက်လာသည့် ပြဿနာ တစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှု ကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ခုလည်းဖြစ်ပါသည်။ လူကုန်ကူးမှုများ သည် ပုံသဏ္ဍာန် နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ ဒဏ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခံနေရ ကြောင်းတွေ့ရှိရပါသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု ဆိုးကျိုးများကို ပိုမိုခံစားနေရကြောင်း တွေ့ရှိရပါသည်။ လူကုန်ကူးမှုပြဿနာသည် သာမန်မှုခင်းနှင့်မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝဘေး အန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မှုစသည်တို့နှင့်ချိတ် ဆက်ပြီး ရှုတ်ထွေး လှသည့်ပြဿနာ တစ်ရပ်ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းအားထုတ် တားဆီး ကာကွယ်ကြသော် လည်း ဆက်လက်၍ ပျံ့နှံ့မြင့်မားနေဆဲဖြစ်ကြောင်းကို နိုင်ငံတကာက အသိအမှတ်ပြု ဖော်ပြထားပါသည်။
Sep 13, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးအား ဂျပန်နိုင်ငံ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ H.E. WATANABE Hideo နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။
Sep 13, 2021
လူကုန်ကူးမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်။ ရှေးအခါကကျွန်ရောင်းကျွန်ဝယ်ကျွန်စနစ် သည် ယနေ့ခေတ်တွင် လူကုန်ကူးမှုဖြစ်လာသည်။ လူကိုလူက ခေါင်းပုံဖြတ် အမြတ်ထုတ်၍ အကျိုးအမြတ်ရယူကြသည့် ဖြစ်စဉ် တွင် သားကောင်အဖြစ် ခံစားကြရသူအများစုတို့မှာ ဘဝရပ်တည်မှု အခက်အခဲများကိုပြေလည်စေရန် အလုပ်အကိုင် ရှာဖွေကြ သူများဖြစ်ပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော ယုံကြည်မှုဖြင့် ရေခြားမြေခြားသို့သွား ရောက်အလုပ်လုပ်ကိုင်ရာ မှလူမှောင်ခိုသားရဲတို့၏ ခံတွင်းထဲသို့ သက်ဆင်းကြရခြင်းဖြစ်သည်။
Sep 13, 2021
လူကုန်ကူးမှုသည် မိမိ၏အကျိုးစီးပွားအတွက် လူအများ၏ကိုယ်ကာယ၊ လုပ်အားတို့ကို ခေါင်းပုံဖြတ် အမြတ်ထုတ်၍ အကျိုးအမြတ်ယူခြင်းဖြစ်သည်။ အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်ခဝင်ငွေနည်းပါးခြင်း၊ ငွေကြေး ရလိုခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း စသည်တို့ကိုအကြောင်းပြု၍ အသိအမြင်ဗဟုသုတနည်းပါးသူ များကြားတွင် ပေါ်ပေါက်လာသောအမှုဖြစ်သည်။ မျက်မှောက်ကာလတွင် အားနည်းမှုကို အခွင့်ကောင်းယူ၍ လူအချင်းချင်း အနိုင်အထက်ပြုလုပ်ခြင်းဖြစ်သည်။
Sep 12, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၂ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်- ၁၉ ကာကွယ်ဆေး (၄)သန်း(5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ (၈)သိန်း တင်ဆောင်လာသော Air China A332 လေယာဉ်သည် တရုတ်နိုင်ငံ ပေဂျင်းမြို့မှ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သိူ့ရောက်ရှိလာကြောင်းသိရသည်။ အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ရောက်ရှိလာရာ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှုးချုပ်ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်
Sep 12, 2021
(၁၂-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
