Skip to main content

ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့် စားသုံးကုန်ပစ္စည်းများ လှူဒါန်း

ပဲခူး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ စာသင်တိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာ တော်များအတွက် ဆန်အိတ် ၅၀၊ ဆီပိဿာ ၂၄၀၊ ကုလား ပဲ လေးအိတ်နှင့် ဆားလေးအိတ် တို့ကို ပဓာနနာယကဆရာတော် ထံသို့ လည်းကောင်း၊ ပဲခူးမြို့ သာသနာ့ဇောတိက ပရိယတ္တိ စာသင်တိုက်သို့ဆန်အိတ် ၃၀၊ ဆီ ပိဿာ ၁၄၀၊ ကုလားပဲနှစ်အိတ်နှင့် ဆားနှစ်အိတ်တို့ကိုလည်းကောင်း၊  ဝင်းနိမ္မိတာရုံ ပရိယတ္တိ စာသင်တိုက်သို့ ဆန်အိတ် ၃၀၊ ဆီပိဿာ ၁၅၀၊ ကုလားပဲနှစ်အိတ်နှင့် ဆား နှစ်အိတ်တို့ကိုလည်းကောင်း၊ သာမဏေကျော် ပရိယတ္တိစာသင် တိုက်သို့ ဆန် ၅၇ အိတ်၊ ဆီ ပိဿာ ၂၈၀၊ ကုလားပဲ ငါးအိတ်နှင့် ဆား ငါးအိတ်တို့ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၃၉) မိုင်အနီး ဘောနတ်ကြီး - ဘုရားကြီးသွားလမ်းပေါ်ရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကြောင်းသိရသည်။

သတင်းစဉ်