Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြည်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှု

နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (ရွှေတောင်) သင်တန်းခန်းမ၌ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းကျောင်းအတွင်း လက်တွေ့သင်ကြားနေမှုနှင့် စာသင်ဆောင်များ၊ သင်တန်းသားအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သာယာဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လိပ်ဥကုန်း-ကျောက်တွင်း- ရန်ကင်းတောင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းပေါက်များ ပြုပြင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်ကျေးရွာ ခန်းမဆောင်၌ ကျေးရွာရှိ ကောင်းသန့်အောင် မျိုးစေ့ထုတ်သမဝါယမအသင်း၊ ကရင်ကျွန်းချောင်းကျေးရွာရှိ ပွင့်သစ်စ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ လောက်လေးချောင်းကျေးရွာရှိ ရတနာလွှမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သား တောင်သူများ၊ ကျိုက်စကိုင်းနှင့် ဂျိုးဖြူစံပြကျေးရွာတို့မှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုက်ကြီးမြို့နယ်အတွင်းရှိ ရင်းတိုက်ကွင်း၊ ကရင်ကျွန်းချောင်း၊ လောက်လေးချောင်းကျေးရွာ သုံးရွာမှ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်