May 10, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဗာစီဗစ်မြို့သို့ အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
May 10, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း၊ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 10, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
May 10, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေး ပါတီတည်ထောင်လိုသော လီရှောအမျိုးသားပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။
May 10, 2025
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၂၁/၂၀၂၄) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
May 10, 2025
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
May 10, 2025
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ရေနွေးအိုး၊ လေအေးပေးပန်ကာ၊ ဆိုလာမီးလုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စသည့် လူသုံးကုန်ပစ္စည်းအမျိုးအစားရှစ်မျိုးကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ် (၁) သို့ လာရောက်လှူဒါန်းသည်။
May 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉၄၁-၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားများဖြင့် ချီတက်ဂုဏ်ပြုကြသည်။
May 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဇနီး ဒေါ်ကြူကြူလှသည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီး ဒေါ်နီလာ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ၏ ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မေစိုး၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၏ ဇနီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မော်စကို မြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရစင်တာသို့ သွားရောက်သည်။
May 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ရုံး (တောင်ကြီး) ယာဉ်စစ်ဆေးရေးဌာန၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်း၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော တောင်ကြီး - ရွှေညောင်လမ်းပိုင်းရှိ ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ကလော - ရွှေညောင် လမ်းပိုင်း၌ပြေးဆွဲမည့် ရေနွေးငွေ့စက်ခေါင်းတွဲဆိုင်းအား ကြည့်ရှုစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၁၉၄၁ - ၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တက်ရောက်ချီးမြှင့်သည်။
May 10, 2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အထူးဝမ်းနည်းကြေကွဲပါကြောင်း အဆွေတော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြည်သူများအား ဂါနာသမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြားအပ်ပါသည်။
May 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပုပ်ရဟန်း မင်းကြီးသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗာတီကန်မြို့ပြ နိုင်ငံ၏ ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။
May 10, 2025
မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့တွင် နေပြည်တော်မှထွက်ခွာပြီး ဒေသစံတော်ချိန် မွန်လွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်သို့ရောက်ရှိပြီး သီးခြားတွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ၊ အခမ်းအနားများသို့ တက်ရောက်လျက်ရှိသည်။
May 10, 2025
မြန်မာပြက္ခဒိန်တွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး နွေကာလဖြစ်သည့်အလျောက် ရေတွင်း၊ ရေကန်များ၊ ဆည်မြောင်း၊ အင်းအိုင်များ ရေခန်း၊ ရေပြတ်သည့်လဖြစ်သည်။ ရာသီအားဖြင့် ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောလဖြစ်ရာ ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို “ဝိသာခါ” (Vesaka) ဟုခေါ်ကြသည်။ သို့ဖြစ်ရာ ကဆုန်လပြည့်နေ့ကိုလည်း Vesak Day ဟူ၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
May 09, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။