Skip to main content

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တရားရေးမိသားစုများ ပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၅

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မိသားစုများ စုံညီညီ၊ တို့တွေမဲပေးမည်” အစီအစဉ်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးမိသားစုများ၏ ပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ယာယီဝန်ထမ်းအိမ်ရာ၌ ယနေ့ ကျင်းပသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများအပါအဝင် အရာထမ်း ၁၃၆ ဦး၊ အမှုထမ်း ၁၈၉ ဦး၊ မိသားစုဝင် ၉၇ ဦး စုစုပေါင်း ၄၂၂ ဦး တက်ရောက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဗလာမပါကံစမ်းမဲနှိုက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

သတင်းစဉ်