Aug 12, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။
Aug 12, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Aug 12, 2022
မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး အရှည်တည်တံ့ပြန့်ပွားစေရန် ရည်ရွယ်၍ (၆၁)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ (အထိမ်းအမှတ်)နှင့် မေတ္တာအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်၌ ကျင်းပသည်။
Aug 12, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Aug 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Aug 12, 2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လစဉ်ပုံမှန်အစည်အဝေး (၇/၂၀၂၂) ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့ကျင်းပရာ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် ကောင်စီဝင်များ စုံညီစွာတက်ရောက်ကြပြီး ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။
Aug 12, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်း အသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Aug 12, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၀ ရက် ည ၈ နာရီတွင် မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ချောင်းတူးငယ်ကျေးရွာအနီးတွင် ဇော်မျိုးသိန်း(ခ)မူဆာ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် သုံးကီလိုကိုလည်းကောင်း၊
Aug 12, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တရားမဝင်မီးသွေး ၅၂ ဒသမ ၉၉၀၀ တန် (ခန့်မှန်းတန်ဖိုးငွေ ၉၅၃၈၂ ကျပ်) နှင့် ကံမမြို့နယ် သာစည်ကျေးရွာအုပ်စု ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၅၉/၁)တွင် တရားမဝင်ကျွန်းခွဲသား ၂၆ ဒသမ ၉၂၅၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၇၇၇၀၇၆၄ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ ပခုက္ကူမြို့နယ် ဧရာဝတီတံတား(ပခုက္ကူ) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Daihatsu Hijet အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် သပြေတောကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တရားမဝင်ကျောက်စရစ်စုပ်ယူရာတွင် အသုံးပြုသည့် သစ်သားခွံစက်လှေ ၁၀ စင်းနှင့် ကျောက်စရစ်စုပ်ယူရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၈၁၈၆၆၁၄၆ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
Aug 12, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 12, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 12, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၉)ကို “Project Delivery System” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Aug 12, 2022
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
Aug 12, 2022
မျက်မှောက်ကမ္ဘာကြီးတွင် နည်းပညာနှင့်ယဉ်ကျေးမှု တိုးတက်မှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ပြောင်းလဲမှုအပေါ်တွင် အားလုံးလိုက်ပါနေကြပေသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု ပုံသေမှတ်ယူ၍ မရနိုင်သကဲ့သို့ ရှေးရိုးစဉ်လာများကိုလည်း အစဉ်အမြဲဖက်တွယ်နေ၍ ရနိုင်မည်မဟုတ်ပေ။ အဟောင်းဖြစ်သော်လည်း မပစ်ပယ်ထားသင့်သောအရာများမှာ အမျိုးသားယဉ်ကျေးမှုဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု၏ မြတ်နိုးတန်ဖိုးထားဖွယ်ရာများကို ယနေ့ထက်တိုင် မြင်တွေ့နိုင်ပေသည်။
Aug 12, 2022
ယနေ့ကမ္ဘာပေါ်တွင် လူငယ်ဦးရေတစ်ဘီလီယံခန့်ရှိရာ နိုင်ငံအသီးသီးတွင်ရှိနေကြသည့် ထိုလူငယ်များသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်နှင့်ကမ္ဘာကြီး၏ အနာဂတ်ကိုပုံဖော်ဖန်တီးကြမည့် အင်အားစုများပင်ဖြစ်သည်။ ကမ္ဘာ့လူငယ်လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြပြီး ယင်းတို့အနက် လူနည်းစုကသာ လူမှုအသိုက်အဝန်းတွင် ဝင်ဆံ့ နိုင်ကြကာ လိုအပ်သောသတင်းအချက်အလက်၊ ပညာရေးနှင့် ဝန်ဆောင်မှုများရရှိကြကြောင်း၊ လူငယ်အများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ကျမှု၊ ကျန်းမာရေးနိမ့်ကျမှု၊ကျား/မ တန်းတူမညီမျှမှု၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှု၊ စစ်မက်ဖြစ်ပွားမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုစသည်တို့အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
Aug 11, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Aug 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 11, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Aug 11, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာကြသည်။