Aug 08, 2022
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၇)ခု၊ နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့သည် ယနေ့နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
Aug 08, 2022
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ(၃၁-၇-၂၀၂၂)
Aug 08, 2022
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
Aug 08, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် လူငယ်၊ လူရွယ်များအား နယ်စပ် ကြိုဆိုရေးစခန်း အသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Aug 08, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 08, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီတွင် ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်နေ မချော၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၀၇၅ ပြား ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းခွန်သွား ကားလမ်းတွင် ကျဖမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ
Aug 08, 2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 08, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့််ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်ကိုက်ညီမှုမရှိဘဲ တင်သွင်း လာသော မော်တော်ယာဉ်ခုနစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
Aug 08, 2022
မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်း မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၀၇)
Aug 08, 2022
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်တွံတေးမြို့နယ် ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက် ၉ နာရီတွင် ရွှေကသစ်ကျေးရွာ အနီး၌ ကျင်းပသည်။
Aug 08, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီ/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 08, 2022
မေး။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ကျား/မ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူငယ်များပါဝင်မှု ရရှိရေးတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားစီမံချက်များကို ရှင်းလင်း ပြောကြားပေးပါ။
Aug 08, 2022
မေး။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် မည်ကဲ့သို့ ဆက်လက်ပံ့ပိုးဆောင်ရွက် သွားမှာလဲ။
Aug 08, 2022
မေး။ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ သည် အာဆီယံနိုင်ငံများ၌ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေသည်ဖြစ်ရာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍကို ဒေသတွင်းဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုဖြစ်စဉ်၌ ရင်ပေါင်တန်း နိုင်ရေးအတွက် သင့်အနေဖြင့် မူဝါဒချမှတ်သူများကို မည်ကဲ့သို့ အကြံပြုလိုပါသလဲ။
Aug 08, 2022
မေး ။ သင့်အနေနဲ့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို မည်ကဲ့သို့ သုံးသပ်ပါသလဲ။
Aug 08, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲရေး ဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Aug 08, 2022
ယနေ့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)ကို တည်ထောင်ခဲ့သည့် (၅၅) နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းနှင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Aug 08, 2022
မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့ရမည်။ အထူးသဖြင့် လက်ရှိ၌ ငလျင်ဘေး၊ ရေကြီးရေလျှံ၊ မြေပြိုမှုအန္တရာယ်များကြောင့် နိုင်ငံအချို့တွင် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများ မရှိသေးသော်လည်း မဖြစ်ခင်က ကြိုတင် ပြင်ဆင်၍ အသင့်ဆောင်ရွက်ထားရမည်ဖြစ်သည်။
Aug 08, 2022
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိသော (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှ မြန်မာနိုင်ငံရေးကိစ္စနှင့် ပတ်သက်သည့် စာပိုဒ်ကို မြန်မာနိုင်ငံကလက်မခံဘဲ ပယ်ချလိုက် သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအား ဖိတ်ကြားစဉ်ကပင် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြား ခြင်းအားဖြင့်
Aug 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ သွားသည်။