Aug 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 09, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင်ဖွင့်လှစ်သည့် စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်-၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 09, 2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်ခရိုင် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ (၃) နာရီတွင် အဆိုပါ မြန်မာကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
Aug 09, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်ဝူရှူး အားကစားအဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
Aug 09, 2022
ရခိုင်ပြည်နယ် မြေပုံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လတာဘဏ္ဍာနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Aug 09, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန၏ ဦးစီးအရာရှိများလုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး အရာထမ်း(ဦးစီးအရာရှိ) မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က
Aug 09, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ(၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိသည်။
Aug 09, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။
Aug 09, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၄ / ၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်ကြောရေးနှင့်တည်းခိုရေး (ရွာတော်)ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Aug 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရလာမည့် စိုက်ပျိုးရာသီ၊ နွေစပါးသီးနှံ၊ ပဲတီစိမ်းသီးနှံနှင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နိုင်ငံတော်က ချေးငွေထုတ်ပေးပြီး အကျိုးတူလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြောကြားသည်။
Aug 09, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒေါပုံမြို့နယ်စက်ရုံလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ကတ္တရာကွန်ကရစ်နှင့် ဘိလပ်မြေကွန်ကရစ်စက်သို့ သွားရောက်၍ လူသွားစင်္ကြံလမ်းများခင်းကျင်းရန် လမ်းခင်းကွန်ကရစ် အုတ် Interlock ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 09, 2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
Aug 09, 2022
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံမူ၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံရည်မှန်းချက်၊ အာဆီယံပဋိညာဉ်စာတမ်းများနှင့်အညီ လိုက်နာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Aug 09, 2022
မြန်မာနိုင်ငံသားတို့၏ ဆန်နှင့် ဆီစားသုံးမှုမှာ မြင့်မားလှသည်။ တစ်ဦးချင်းဆန်စားသုံးမှုအရ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဟု ပင်ဆိုသည်၊၊ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိသည်ဟူသော စစ်တမ်းရှိသကဲ့သို့ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၉၀ ကီလိုဂရမ်မှ ၂၁၀ ကီလိုဂရမ်အထိရှိသည်ဟူသော ခန့်မှန်းချက်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ စစ်တမ်းတို့၏ ကောက်ယူတွေ့ရှိချက်အရ မြန်မာတို့ဆန်စားနှုန်းမြင့်မားသည်ဟူ၍ပင် ဖြစ်သည်။
Aug 08, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Aug 08, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတားအနီး၌ ဆိုက်ကပ်ထားသော အဏ္ဏဝါရပ်ကွက်နေ ဦးစိုးလွင်ပိုင်ဆိုင်သော ငါးဖမ်းစက်လှေ ၅ စီးအနက်မှ ထက်ထက်ပိုင်-၂၇ အမည်ရှိ ဝါးလတ်ငါးဖမ်းစက်လှေသည် မီးလိုင်းများပြုပြင်စဉ် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးရှိ ငါးဖမ်းစက်လှေ ၂ စီး မီးကူးစက်လောင်ကျွမ်းခဲ့သည်။
Aug 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။