Sep 19, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီ/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 19, 2022
ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Sep 19, 2022
ယခုတည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ် အသားတစ်ခုဖြစ်သဖြင့် အဆောက်အအုံ အမြန်ဆုံး ပြီးမြောက်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးကြ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
Sep 19, 2022
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လျက်ရှိပြီး ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက် လာသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေးကို အမြဲတံခါးဖွင့်ကြိုဆိုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများကို ချုပ်ငြိမ်းသွားအောင် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။
Sep 19, 2022
မိမိတို့နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်မှ ကြွင်းကျန်ရစ်ခဲ့သည့် အမွေအနှစ်များက နိုင်ငံတစ်နံတစ်လျားတွင် အနှံ့အပြား တည်ရှိနေကြသည်။ ယဉ်ကျေးမှုအမွေအနှစ် ဒြပ်ရှိပစ္စည်းများသည် အတိတ်သမိုင်း၏ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသနေသည့် သက်သေအထောက်အထားများပင်ဖြစ်ရာ မပျောက်ဆုံး မပျက်စီးစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် လိုသည်။ ဒေသတစ်ခုတွင် တည်ရှိနေသည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းသည် ဒေသ၏ဂုဏ်ဒြပ်ပင်ဖြစ်ရာ ဒေသခံပြည်သူများက အဓိကတန်ဖိုးထား ထိန်းသိမ်းပေးကြမှသာ နိုင်ငံတော်အဆင့် ထိန်းသိမ်းမှု၊ သုတေသနပြု လေ့လာမှုမပြုနိုင်သေးခင် မပျောက်မပျက် တည်ရှိနိုင်မည်ဖြစ်သည်။
Sep 18, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီးဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 18, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌
Sep 18, 2022
တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းဦးစီးဌာန တာဝန်ရှိသူများကလည်း သတ်မှတ်ဒီဇိုင်း ပုံစံကိုက်ညီရေး၊ အရည်အသွေး စစ်ဆေးမှုလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားသည်။
Sep 18, 2022
မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင် ၂၄၀ အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဆန်အိတ် ၂၀၊ ဆီဘူး ၂၄၀၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
Sep 18, 2022
ရှမ်းပြည်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ရှမ်း(အရှေ့)၊ ရှမ်း(မြောက်)၊ ရှမ်း (တောင်)နယ်မြေ ဒေသသုံးခုမှ ပြိုင်ပွဲဝင် ၃၆၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
Sep 18, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၁၁၉ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၄၇၆၁ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
Sep 18, 2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်နေမှု၊ Mask များ အခမဲ့ဝေငှခြင်းအစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Sep 18, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 18, 2022
ယနေ့အချိန်တွင် ဒီရေတောများ ပြုန်းတီးပျက်စီးမှုများကြောင့် ကမ်းခြေရေတိုက်စားမှုများ၊ မကြာခဏ ရေလွှမ်းမိုးမှုများနှင့် ရေသယံဇာတ ပျက်စီးမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရပါသည်။
Sep 18, 2022
ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ခြင်းနှင့် အကျဉ်းထောင်များ၊ အချုပ်ထောင်များ အစရှိသော လူအများစုဝေး နေထိုင်ရာနေရာ (Institution)များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။
Sep 18, 2022
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
မြန်မာ - အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
Sep 18, 2022
မြန်မာ - အိန္ဒိယလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားများ ပြောကြားကြသည်။
Sep 18, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ