Sep 15, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၆၀၊ ဘိုးဘွားရိပ်သာ ၈၈ ခု၊ အမျိုးသမီးဂေဟာ ၁၀ ခု၊ မသန်စွမ်းဂေဟာ ၁၁ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ၁၅၆၁ ကျောင်း၊ စေတနာ မူလတန်း ညကျောင်း ၁၄ ကျောင်းနှင့် လူငယ့်ရိပ်သာ ခြောက်ခုတို့အတွက် ထောက်ပံ့ ကြေးငွေစုစုပေါင်း ငွေကျပ် ၂၆၈၉ ဒသမ ၈၂၈ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 15, 2022
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေသော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော ဆင့်ပွားအကျိုးသက်ရောက်မှုများ ရရှိနိုင်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၌ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ကို မြှင့်တင်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 15, 2022
အစိုးရကဏ္ဍအတွက် နိုင်ငံတကာကျင့်သုံးမည့် ဘဏ္ဍာရေးရှင်းတမ်းပုံစံများနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံစာများ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရန်နှင့် စာရင်းကိုင်စနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန်တို့အတွက်ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ၊ ငွေသားအခြေခံအပိုင်း (၁) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Sep 15, 2022
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Sep 15, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Sep 15, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Sep 15, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူများက ဈေးသူ ဈေးသားများနှင့် ဈေးဝယ် လာသူများထံ
Sep 15, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Test Kit ၁၈၂၄ ခု တင်သွင်းခဲ့ကြောင်း သိရသည်။
Sep 15, 2022
၂၀၂၂ ခုနှစ် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်ကြစို့” ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထားသော လူကုန်ကူးမှုဆောင်ပုဒ်နှင့်အညီ နည်းပညာကဏ္ဍကို အဆင့်မြှင့်တင်၍ ပြည်တွင်း၊ ပြည်ပချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Sep 15, 2022
ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေရာမှ မီးညွန့်မီးစွယ်ကလေး ထွက်လာသည့်နှယ်ပင် ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့နိုင်ငံတွင် ကျဆင်းငြိမ်သက်သွားရာမှ ယခုတစ်ဖန် ပြန်လည်ခေါင်းထောင်စပြုလာနေသည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်း တစ်ရာခိုင်နှုန်း အောက်ရောက်ရှိနေသည့်အခြေအနေမှ ယခုရက်ပိုင်းအတွင်း နှစ်ရာခိုင်နှုန်းအထက်၊ သုံးရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာသည့်အပြင် ရောဂါကြောင့် သေဆုံးသူများလည်း ထွက်ပေါ်လာသည်။
Sep 14, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Sep 14, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 14, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 14, 2022
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ နေပြည်တော် Horizon Lake View Hotel သို့ ယနေ့မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရစသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။
Sep 14, 2022
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Sep 14, 2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အစားအသောက်နမူနာစာရင်း
Sep 14, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ခြိမ်းခြောက် အကျပ်ကိုင်၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၏ သတင်းပေးပို့မှုအရ စက်တင်ဘာ ၄ ရက်တွင် မော်လိုက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Sep 14, 2022
“ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများ ပြည်သူအတွက် ထုတ်လွှင့် ဝန်ဆောင်မှုပေးလျက်ရှိသည့် MRTV HD နှင့် ဆက်စပ်ရုပ်သံလိုင်းများ၏ ရုပ်သံအစီအစဉ်များကို MRTV Media Application တွင် အကြောင်းအရာအလိုက် ကဏ္ဍခွဲ ၁၁ ခုဖြင့် ထုတ်လွှင့်ဖော်ပြလျက်ရှိရာ အဆိုပါ MRTV Media Application ၏ Logo ကို profile ပုံအဖြစ်လည်းကောင်း၊ MRTV ၏ logo အဟောင်းကို Cover photo အဖြစ်လည်းကောင်း ရယူတုပအသုံးပြု၍ “Myanmar Radio and Television” အမည် Facebook Page ဖြင့် ညစ်ညမ်းပစ္စည်းများရောင်းချနေမှုကို စိစစ်တွေ့ရှိရပါသည်။
Sep 14, 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အုတ်ချပ်ကွာကျမှု စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အုတ်ချပ် များကွာကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။