Jan 15, 2023
မဇ္စျိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ပဓာနမဟာနာယက၊ ဓမ္မကထိကဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာ နာစရိယ၊ ပြည်တွင်း၊ ပြည်ပမဟာစည်နာယက၊ သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism), M.A(Buddhist Studies, India), Ph.D (Sanskrit University India) မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒမထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် စာအောင်သံဃာဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ မဇ္စျိမဂုဏ်ရည် မဟာစည်တောရ ရိပ်သာကြီးအတွင်းရှိ မဇ္စျိမဂုဏ်ရောင် မဟာဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
Jan 15, 2023
ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ( ၇၁ )နှစ်မြောက် ကယားပြည်နယ်နေ့ဖြစ်ပါသည်။
Jan 15, 2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး တောတောင်ရေမြေ၊ တောင်တန်း၊ မြေပြန့်နှင့်မြစ်ဝှမ်းလွင်ပြင် စသည့်မြေမျက်နှာသွင်ပြင် စုံလင်သည့်နိုင်ငံဖြစ်သည်။ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများတွင်အထူးသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများသည် မြင့်မားသောတောတောင်များတွင် နေထိုင်ကြပြီး ကျေးလက်ပြည်သူများသည် ဝေးလံခေါင်ဖျားဒေသများတွင် များသောအားဖြင့် နေထိုင်ကြသည်။
Jan 15, 2023
နိုင်ငံရေးကို အခြားနည်းဖြင့်ဖြေရှင်းရာမှ စစ်ပွဲများဖြစ်ပေါ်လာသည်ဟူ၍ အဆိုရှိသည်။ အခြားနည်းဟုဆိုသည်ထက် အကြမ်းနည်းဟုဆိုပါက မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီဆီလျော်မည်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်များအတွက် လက်နက်စွဲကိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံလည်းနာ၊ ဒေသလည်းနာ၊ ပြည်သူလည်းနာခဲ့ကြရပြီးဖြစ်သည်။ စင်စစ်လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခဲ့ကြသူများပင်လျှင် နောက်ထပ်၊ နောက်ထပ် မျိုးဆက်များပြောင်းသွားခဲ့ကြပြီဖြစ်သည်။
Jan 14, 2023
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
Jan 14, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 14, 2023
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Jan 14, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၃-၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၄-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၀၂၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀) ရာခိုင်နှုန်းဖြစ်ပါသည်။
Jan 14, 2023
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Jan 14, 2023
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 14, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 14, 2023
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် May Bank , Yangon Branch မှ Su-laiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations) တို့မှ တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လက်ခံတွေ့ဆုံသည်။
Jan 14, 2023
အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပသည့် Voice of the South Summit ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းတွင်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပါဝင်တက်ရောက်သည်။
Jan 14, 2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 14, 2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်မည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား သို့တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လွိုင်ကော်လေဆိပ်သို့ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ သင်တန်းကျောင်းမှ ကျောင်းသား တို့က အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
Jan 14, 2023
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ (၃၀-၃-၂၀၂၁) ရက်နေ့တွင် တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် များအား (၁)နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
Jan 14, 2023
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့သည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံးလျက်ရှိသည်။
Jan 14, 2023
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသများတွင် ဒေသခံပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဝေးလံခေါင်ဖျားဒေသများမှာ သွားရေးလာရေးခက်ခဲသည့်အလျောက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးသည့်နေရာ၊ ဆရာဝန်များ လိုအပ်လျက်ရှိသည့်နေရာ၊ ခေတ်အဆက်ဆက်တွင် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခဲ့သည့် နေရာများပင်ဖြစ်သည်။