Skip to main content

Feb 17, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

နေပြည်တော် ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် နှစ်ပေါင်း ၇၅ နှစ်(စိန်ရတုကာလ)သို့ပင် ရောက်ရှိ တော့မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ် ထူထောင်မှုအထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက် အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် လုပ်ငန်းကော်မတီ အဖွဲ့ဝင်၊ ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးအတွက် ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NPK Motors Co.,Ltdမှ တည်ဆောက် လျက်ရှိသည့် နေပြည်တော် သပြေကုန်းရှိ Charging Station တည်ဆောက်လျက် ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ NPK Motors Co.,Ltd၏ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး Charging Station တည်ဆောက်ခြင်းနှင့် လျှပ်စစ်သုံးတက္ကစီယာဉ် BYD အား လျှပ်စစ်အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း လုပ်ငန်းဆောင်ရွက်ပုံ သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် အတွက် ယနေ့နံနက်တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။ အဆိုပါခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ရုံးက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော လဟယ်မြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဟွေထိုက်ချောင်းပေါ်ရှိ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

​​​​​​​အကြမ်းဖက်လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းကြသူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုးမြှောက်ပင့်ပေးခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း စသည့် မရိုးသားသောနည်းလမ်းများဖြင့် စည်းရုံး သိမ်းသွင်းပြီး လမ်းမှားသို့တွန်းပို့ကာ နိုင်ငံတော်ကို ဖျက်ဆီးနေကြဆဲဖြစ်သောကြောင့် ပြည်သူများနှင့်လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာရေး ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

​​​​​​​ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ယင်းနိုင်ငံ၏ နိုင်ငံသားများ အရည်အသွေးမြင့်ရန် အရေးကြီးသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၌ ပါဝင်သော နိုင်ငံသားများ စိတ်ဓာတ်အဆင့် အတန်းမြင့်မား၊ လုံ့လဝီရိယ၊ ဉာဏ်အမြော်အမြင်တို့ ပြည့်စုံ သည်နှင့်အမျှ နိုင်ငံတော်ကိုလည်း ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးမြင့်မားသော နိုင်ငံသားများကသာ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရေးအတွက် လိုအပ်သော အရည်အချင်းပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ်မျိုးကို မှန်မှန် ကန်ကန်ရွေးချယ်နိုင်ကြမည်လည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

(၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦး သေဆုံးခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၈၀၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၃၅၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောမီဒီယာနှင့် သက်တမ်းအမြင့်မားဆုံးသော ဌာနကြီးတစ်ခု ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2023

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံများကသာ ကမ္ဘာ့အရေးအရာများကို အဆုံးအဖြတ်ပြုကြပြီး ကမ္ဘာကြီးကိုပုံသွင်းဖန်တီးခဲ့ကြခြင်းဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်၊ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား ပိုင်ဆိုင်ထားရှိမှုအပေါ် လိုက်၍ အင်အားကြီးနိုင်ငံ သို့မဟုတ် နိုင်ငံငယ်စသည်ဖြင့် အဆင့်ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏အင်အားပိုင်ဆိုင်မှု အဆင့်အတန်းက နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရေးပါသည်။ ထို့အပြင် နိုင်ငံတကာ ဆက်ဆံရေးသည် လူသားတိုင်း၏နေ့စဉ်ဘဝများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်ဆက်နွှယ် နေသည့်အလျောက် လူတိုင်းကနားလည် ထားကြရန်နှင့် လေ့လာကြရန်လည်း လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်